မဲပေးတဲ့အခါမှာလည်း နိုင်ငံကောင်းဖို့ တကယ်ကိုဆောင်ရွက်နိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တပ်မတော်အရာရှိ၊ စစ်သည်၊ မိသားစုတွေအနေနဲ့ မဲပေးတဲ့အခါ လွတ်လပ်စွာ မဲပေးနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများတွေ့ဆုံတဲ့ online တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲနေ့မှာလည်း တပ်မတော်အရာရှိ၊ စစ်သည် ၊ မိသားစုတွေရဲ့ ကျန်းမာရေးလုံခြုံရေးအတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။



“မဲပေးတဲ့ အခါမှာ စစ်သည်နဲ့ မိသားစုများဟာ လွတ်လွတ်လပ်လပ်မဲပေးနိုင်ပါတယ်။ မဲပေးတဲ့အခါမှာလည်း ဒို့တာဝန်အရေး သုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်လောင်းနဲ့ နိုင်ငံကောင်းဖို့ ၊ဒေသကောင်းဖို့ အတွက် တကယ်ကိုဆောင်ရွက်နိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်ဖို့လိုတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

တပ်မဲရုံတွေမှာ မဲပေးကြမယ့် စစ်သည်၊ မိသားစုဝင်တွေအတွက် မဲရုံမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရပါက ဗိုက်ဆာ၊ရေဆာတာမျိုးတွေရှိလာနိုင်တဲ့အတွက် ကော်မရှင်ကထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲရုံပြင်ပသတ်မှတ်ထားတဲ့နေရာတွေမှာအဆာပြေစားနိုင်ဖို့ရာပြင်ဆင်ထားရှိရန်လည်း ကာကွယ်ရေးဦးစီးချုပ်ကညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ ရွေးကောက်ပွဲတဲ့အတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီး တရားမျှတတဲ့ မဲပေးမှုဖြစ်အောင် တပ်မတော်အနေနဲ့ဆောင်ရွက်မှာဖြစ်လို့ အားလုံး ဝိုင်းဝန်းကြိုးစားပေးဖို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့ပါသေးတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရန်အတွက် တပ်မတော်သားတွေမှာလည်းတာဝန်ရှိပြီး ဒါကြောင့် ရွေးကောက်ပွဲအတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ မဲပေးမှုရှိအောင် အားလုံး ဝိုင်းဝန်းကြိုးစားပေးရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်ပြောကြားခဲ့ပါတယ်။

Share

က္က