ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီမှုမရှိတဲ့ ဖြစ်စဉ်တွေကို ထောက်ပြပြောဆိုကြတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၉ရက်ကနေ စတင်တဲ့ ကြိုတင်မဲကောက်ယူမှုတွေမှာ မဲရုံမှာကောက်ခံမှုတွေအပါအဝင် အိမ်တိုင်ရာရောက်လှည့်လည် ကောက်ခံတဲ့အဖွဲ့တွေမှာပါ ကိုဗစ်စည်းကမ်းနဲ့မကိုက်ညီဘဲ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတယ်လို့ မဲပေးမှုကို စောင့်ကြည့်နေကြတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ကိုဗစ်စည်းကမ်းနဲ့အညီဆောင်ရွက်တဲ့ ကြိုတင်မဲကောက်ခံခြင်းက နေပြည်တော်မှာ မဲပေးခဲ့ကြတဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ မဲရုံမှာပဲ တွေ့ရတယ်လို့ ပြည်သူ့ရှေကဆောင်ပါတီ ဒုဥက္ကဌ(၄) ဒေါ်ငုဝါဝင်းက Duwun ကို ပြောပါတယ်။



" ကိုဗစ်စည်းကမ်းနဲ့အညီလုပ်တာကလေ နေပြည်တော်မှာ အတိုင်ပင်ခံတို့ သမ္မတတို့ မဲပေးတဲ့နေရာမှာပဲ တွေ့ရတယ်။ ကျန်တဲ့နေရာမှာတော့ အစ်မတို့သတိထားမိသလောက် မတွေ့ဘူး။လက်ဆေးရည်ပေးတာတွေ့တယ် အပူချိန်တိုင်းတာ မတွေ့ဘူး။လက်အိပ်တွေဘာတွေလည်း နေပြည်တော်က သရုပ်ပြတာမှာပဲရှိတာ ။ လူတိုင်းကတော့ လာတဲ့အခါကျရင် maskတပ်လာတော့ရှိတယ်။အပူချိန်တိုင်းတာက ၂၉ရက်နေ့ သတင်းစာတစ်ချို့မှာတွေ့ပေမယ့် အစ်မတို့လေ့လာတဲ့နေရာတွေမှာပေါ့ မတွေ့ဘူး။လက်ဆေးရည်ဘူးချထားတာပဲ တွေ့တယ် " လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌ(၄) ဒေါ်ငုဝါဝင်းက Duwun ကို ပြောပါတယ်။

ဒါ့အပြင် ကြိုတင်မဲကောက်ခံမှုတွေမှာ social distancing ကို လိုက်နာမှု အားနည်းနေပြီး လူတွေစုပြုံပြီး မဲပေးတာကို တွေ့ရှိတယ်လို့ ပြည်သူ့ပါတီ ၊ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ိုယ်စားလှယ်လောင်း နေယံဦးက Duwun ကို ပြောပါတယ်။

ဒါကြောင့် နိုဝင်ဘာလ(၈)ရက် ရွေေးကာက်ပွဲအပြီးမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်သွားမလားဆိုတာ အဓိက စိုးရိမ်မှုဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျန်ရှိနေတဲ့ ရက်အတွင်းမှာ ဒါကို ကြပ်မတ်ဆောင်ရွက်သင့်တယ်လို့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း နေယံဦးက Duwun ကိုပြောပါတယ်။

" အဓိက စိုးရိမ်မှုကတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတော့ ရှိတယ်ခင်ဗျ။ဘာလို့လဲဆိုတော့ မဲလာပေးတဲ့သူတွေကို လုံလောက်တဲ့ အကာအကွယ်တွေ ၊ ကြိူတင်ပြင်ဆင်မှုတွေမဖြစ်ခဲ့ရင် မဲရုံတွေကနေ ကိုဗစ်ဖြန့်တဲ့နေရာဖြစ်သွားနိုင်လား စဉ်းစားရမယ် ။ လူတွေအများကြီး မဲလာပေးကြမှာ ။ တစ်နိုင်ငံလုံးပေးကြမှာ ။ ရွေးကောက်ပွဲအပြီးမှာ ကိုဗစ်ကူးတဲ့နှုန်း တက်သွားမလား အဲဒါတော့ စိုးရိမ်စရာဖြစ်တယ် ။ အဲဒီလိုမဖြစ်အောင်လို့တော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အများကြီး ကြိုတင်ပြင်ဆင်ဖို့လိုမယ် ။ ဒါ ကျန်းမာရေးရှုထောင့်က ပြောတာ" လို့ နေယံဦးက Duwun ကို ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲပေးကြမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ပါးစပ် ၊ နှာခေါင်းစည်းများ တပ်ဆင်လာရန် ၊ Social Distancing နဲ့အညီ လိုက်နာဆောင်ရွက်ရန် နဲ့ ကိုယ်အပူချိန်တိုင်းတာခြင်းလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ရန်နဲ့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးတွေမှာလည်း ပါးစပ် ၊ နှာခေါင်းစည်း (mask) နဲ့ Face Shield များ ၊ ရေမလိုလက်သန့်ဆေးရည်များ ထားရှိပေးမှာဖြစ်တယ်လို့ အောက်တိုဘာလ ၂၅ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။     


ဆက်စပ်အကြောင်းအရာများ

Share

က္က