ဆန္ဒမဲလက်မှတ်တွေထဲက တစ်စောင်မှာ ဆန္ဒမဲကြိုတင်ပေးထားပြီးသားဖြစ်နေသလို ထုနှိပ်ထားတဲ့ တံဆိပ်တုံးကလည်း အတုဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ငဖြူကလေးကျေးရွာမှာ ကြိုတင်မဲကောက်ခံချိန် မဲစာရွက်တွေထဲမှာ တံဆိပ်ထုပြီးသားဆန္ဒမဲလက်မှတ်ပါဝင်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့အတွက် မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ တိကျတဲ့အဖြေမရရှိသေးတာကြောင့်အမှုဖွင့်ဖို့လုပ်ဆောင်တော့မယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကိုယ်စားလှယ်လောင်း ဒေါ်လွယ်လွယ်ဝင်းကပြောပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့က သာယာဝတီက နိုင်ငံရေးပါတီတွေနဲ့ မြို့နယ်ကော်မရှင်အဖွဲ့တွေ့ဆုံပြီး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် တိကျတဲ့အဖြေမထွက်သလို အရေးယူဆောင်ရွက်နိုင်မှုလည်းမရှိတာကြောင့် ကော်မရှင်လူကြီးအပါအဝင်မဲရုံမှာတာဝန်ကျတဲ့မဲရုံမှူးနဲ့ အားလုံးကိုအရေးယူနိုင်ဖို့ အမှုဖွင့်မှာဖြစ်တယ်လို့သိရပါတယ်။



“UEC တံဆိပ်တုံးပါပေမယ့် မင်အရောင်ကကွဲနေတယ်။ ခရမ်းရောင်ဘက်သန်းနေတယ်။တံဆိပ်တုံးကလည်း အတု၊ ဆန္ဒမဲကလည်းကြိုတင်ပေးပြီးသားဖြစ်နေတယ်။ဒါက ဘာကြောင့်ဖြစ်တာလဲ ဘယ်သူလုပ်တာလဲ ဒီဥပဒေအရ ဘယ်လိုအရေးယူဆောင်ရွက်ပေးမလဲ မြို့နယ်ကော်မရှ င်ကိုတိုင်ပါတယ်။ ဒါပေမယ့် မြို့နယ်ကော်မရှင်က ထိထိရောက်ရောက်မဖြေရှင်းပေးဘူး။ ကျွန်မတို့ကိုပဲ မေးခွန်းထုတ်ပြီးသူတို့ကြိုတင်မဲကောက်တဲ့နေ ရာမှာတံဆိပ်တုံးမထုမိလို့ ၊ ရပ်ကျေးကော်မရှင်က လက်မှတ်မထိုးမိခဲ့တာတွေကို ဘယ်လိုဖြေလျှော့မလဲဆိုတဲ့မေးခွန်းတွေမေးပြီးပြန်လွှတ်တယ်။ အခုက သူတို့ကမဖော်ဘူးဆိုရင် ကျွန်မတို့ကတစ်ဦးတစ် ယောက်ထဲကိုစွဲဖို့အစီအစဉ်ရှိပါတယ်။ အခုက မဖော်ပါဘူး။ အဲ့ဒီမှာပါတဲ့ ကွင်းဆက်တွေအားလုံးကို အရေးယူ ဆောင်ရွက်ဖို့ဆိုရင် တစ်ပြုံကြီးတော့ဖြစ်နေပါတယ်။ ကျွန်မကကော်မရှင်လူကြီးနှင့်တကွ မဲရုံမှာတာဝန်ကျတဲ့ မဲရုံမှူးနဲ့အားလုံးကို အရေးယူဆောင်ရွက်ပေးဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့သွားပါမယ်။ သာယာဝတီရဲစခန်းမှာပဲအမှုဖွင့်မယ်။”လို့ ဒေါ် လွယ်လွယ်ဝင်းကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ငဖြူကလေးကျေးရွာအတွင်း အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲတွေလိုက်လံကောက်ခံခဲ့ရာမှာ ၊နေ့လည်ပိုင်းကောက်တဲ့ ဆန္ဒမဲလက်မှတ်တွေထဲက တစ်စောင်မှာ ဆန္ဒမဲကြိုတင်ပေးထားပြီးသားဖြစ်နေသလို ထုနှိပ်ထားတဲ့ တံဆိပ်တုံးကလည်း အတုဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်သင်က “လောလောဆယ် စေ့စပ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နဲ့ဆောင်ရွက်တယ် ဒါပေမယ့် မထမြောက်သေးဘူး။ ထပ်ပြီးနောက်တစ်ကြိမ်စေ့စပ်ညှိနှိုင်းဖို့ကြိုးစားမယ်။ ဒါမှအချိန်မရဘူးဆိုရင်တော့ သက်ဆိုင်ရာအထက်ကော်မရှင်ရုံးကိုတင်ပြပြီး အကြောင်းပြရမှာပေါ့။ တံဆိပ်တုံးအတုလို့သုံးသပ်တယ်။ ရွေးကောက်ပွဲအတွက် ဆူပူမှု အုံကြွအောင်လုပ်တယ်လို့ထင်တယ်။ တံဆိပ်တုံးကမင်လည်းမတူဘူး။ ကော်မရှင်မဲရုံတာဝန်ရှိ ဆရာ/ဆရာမတွေ မနက်ပိုင်းတစ်မနက်လုံးပေးတယ်။ ထမင်းစားပြီးညနေပိုင်းမှ ဖြစ်ပွားတယ်။တံဆိပ်တုံးကို တွေ့တာမဟုတ်ဘူး။ ရိုက်ထားတာာကိုတွေ့တာ၊ တွေ့တာကမှ အတုပဲ။ ဒီတစ်ရွက်ထဲကို တမင်တကာ နှောင့်ယှက်တဲ့သဘောနဲပလုပ်တာပေါ့။ ဆရာဆရာမ ၊ ကော်မရှင်အဖွဲ့ဝင် တွေဂုဏ်သိက္ခာ ကျွန်တော်ယုံတယ်။ ဒီလို လုပ်မယ်ကျွန်တော်မထင်ပါဘူး”လို့ပြောပါတယ်။

ယခုဖြစ်ရပ်ဟာ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေသူတွေကို လုပ်ငန်းပျက်ပြားအောင် ၊ အနှောင့်အယှက်ဖြစ်အောင် တမင်ကြံစည်လုပ်ဆောင်ခြင်းဖြစ်တဲ့အပြင် ဆူပူအုံကြွမှုဖြ စ်အောင်နှောင့်ယှက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ပယ်မဲအဖြစ် သတ်မှတ်ဆုံးဖြတ်ထားတာမရှိသေးကြောင်းနဲ့ ဆွေးနွေးမှုတွေဆက်လုပ်ပြိး သေချာစိစစ်ရအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

က္က