ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၉(က) ၆၀ ဖြင့် စလေမြို့ရဲစခန်းမှာအမှုဖွင့်ထားတာဖြစ်တယ်လို့ တိုင်ကြားထားသူ ဒေသခံဦးအောင်လွင်ကပြောပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်က ကျေးရွာတစ်ရွာမှာရပ်/ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို ဒေသခံတစ်ဦးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်တိုင်တန်းထားတယ်လို့ သိရပါတယ်။

ကြိုတင်မဲကောက်ခံတဲ့မဲရုံထဲက လျို့ဝှက်ဆန္ဒမဲပေးခန်းအတွင်မှာ မဲဆန္ဒရှင်က ဆန္ဒမဲပေးပြီးနောက် တံဆိပ်တုံးမင်တချို့ဟာ တခြားပါတီအပေါ်မှာ စွန်းပေသွားတဲ့အတွက် ဆန္ဒမဲလက်မှတ်အသစ်လဲပေးဖို့တောင်းဆိုမှုကို ငြင်းပယ်ခြင်း၊ ဘယ်သူ့ကိုမှမကြိုက်သဖြင့် ဘယ်သူမှ မဲပေးဘူးဟု အကြိမ်ကြိမ် ပြောဆိုခြင်းတွေကို ကော်မရှင်အတွင်းရေးမှူးက ကျူးလွန်ခဲ့တာကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၉(က) ၆၀ ဖြင့် စလေမြို့ရဲစခန်းမှာအမှုဖွင့်ထားတာဖြစ်တယ်လို့ တိုင်ကြားထားသူ ဒေသခံဦးအောင်လွင်ကပြောပါတယ်။



“ကျွန်တော်က ဘယ်သူ့မှမကြိုက်လို့ ဘယ်သူ့မှ မဲမပေးဘူးဆိုပြီး ပြောတဲ့စကား တစ်ကြိမ်လည်းမဟုတ်ဘူး သုံးခါလောက်ပြောတော့သူ့မှာရည်ရွယ်ချက်များရှိမလားပေါ့။ နောက်ပြီး မဲကော်မရှင်တစ်ဦးတစ်ယောက်အနေနဲ့ မပြောသင့်တဲ့စကားလို့ယူဆတဲ့အတွက် အမှုဖွင့်တာပါ။ ဘယ်နေရာမှာမဆို ဥက္ကဋ္ဌကပါဝင်တာကိုး။ဒါပေမယ့် အတွင်းရေးမှူးက မြို့နယ်နဲ့အများဆုံးဆက်သွယ်ပြောဆိုတာတွေ့ရတယ်။ အဓိကအတွင်းရေးမှူးကိုပဲ လုပ်တာ ။ဒါပေမယ့် မဲကော်မရှင်အနေနဲ့က ထွေ/အုပ်စာရေးကပြောလို့ပဲလားတော့မသိဘူး သူက မြို့နယ်က ညွှန်ကြားလို့နဲ့တူတယ်ဆိုပြီး သူကဖယ်မပေးဘူး။အဲ့ဒါကြောင့်ပါ။ အဖွဲ့အစည်းတစ်ခုမှာ အတွင်းရေးမှူး မဟုတ်ဘူး ဒါကြောင့် ဥက္ကဋ္ဌပါ ထည့်လိုက်တာပါ။ ကျူးလွန်တာကတော့ အတွင်းရေးမှူးပါ။”လို့ ဦးအောင်လွင်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက စေ့စပ်ညှိနှိုင်းပြီး ကြားဝင်ဖြေရှင်းမှုတွေပြုလုပ်ပေးခဲ့ပေမယ့်လည်း တိုင်ကြားသူဘက်မှ မကျေလည်တာကြောင့် ပြေလည်မှု မရရှိခဲ့ဘူးလို့သိရပါတယ်။ “ကျွန်တော်တို့လည်း ကြားတော့ဝင်ဖြန်ဖျေပေးတယ်။ ကြားတာက သူတို့ဘက်ကစာတင်လို့တော့မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ဖြန်ဖျေပေးပေမယ့် မရဘူး။ တစ်ဖက်က မကျေလည်တော့ သူတို့ ဆက်လုပ်စရာရှိတာဆက်လုပ်ကြတာပေါ့။ ဖြစ်တာက ဥက္ကဋ္ဌနဲ့ မဖြစ်ဘူး။ အတွင်းရေးမှူးနဲ့ဖြစ်တာလို့သိတယ်။”လို့ ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်နုကပြောပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ဆားလယ်ကျေးရွာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးဖြစ်သူကို တာဝန်ကနေ ရပ်နားထားလိုက်ပြီး၊ နောက်ထပ်တစ်ဦးနဲ့အစားထိုးထားတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က