မနက် ၆ နာရီက မတိုင်ခင်က စတင်ပြီး မဲပေးဖို့ ရောက်ရှိနေတဲ့ ရောက်ရှိနေသူ ရာနဲ့ချီရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲပေးမှုအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို တွေ့နေရတယ်လို့ ရွေးကောက်ပွဲ မဲပေးမှုကို စောင့်ကြည့်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌ ဦးကျော်ဇေယျက ဆိုပါတယ်။ 


"မဲပေးတာကိုတော့ စိတ်ဝင်စားကြပါတယ်။ နိုင်ငံသားတာဝန် ကျေပွန်တယ် ပြောရမှာပေါ့။ အများကြီး လာအားပေးတယ်။ သို့သော်လည်းပဲ တစ်ခုရှိတာက ဒီမှာက မဲရုံတွေက ဒီနားမှာ ၃-၄ ရုံလောက် ပြုံလုပ်တာ။ အဲ့ဒါလေးတော့ ရှိတာပေါ့" လို့ ဦးကျော်ဇေယျက Duwun ကို ပြောပါတယ်။



ဦးကျော်ဇေယျဟာ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကိုယ်စားပြုအမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက်မှ မဲရုံ (၁) ၊ (၂) ၊ (၃) ၊ (၄) တို့မှာ ဒီမနက်က ရောက်ရှိနေခဲ့တာပါ။


ဒီမဲရုံတွေမှာ မနက် ၆ နာရီမတိုင်ခင်က စတင်ပြီး မဲပေးဖို့ ရောက်ရှိနေတဲ့ ရောက်ရှိနေသူ ရာနဲ့ချီရှိနေတာလည်း ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲမဲပေးမှုနဲ့ ပတ်သက်ပြီး ဦးကျော်ဇေယျက "‌ကောင်းပါတယ်။ လူထုကတော့ စိတ်ဝင်စားပါတယ်။ စောစောစီးစီး လာပေးကြတာ။ တက်တက်ကြွကြွပါပဲ။ အန်ကယ်တို့ကတော့ မဲပေးတာ တကယ့်ကို နိုင်ငံရေး မျှော်မှန်းချက် ၊ အစိုးရကောင်းတစ်ရပ် ဖြစ်လာအောင် မဲပေးနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။" လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းက လူဦးရေများတဲ့ မြို့နယ်မဲရုံအချို့မှာ မဲပေးသူဦးရေ များပြားခြင်း နဲ့ မဲရုံများနီးကပ်ခြင်းကြောင့် Social Distancing စည်းကမ်းနဲ့အညီ စီတန်းမဲပေးနိုင်ခြင်း မရှိတာတွေလည်း တွေ့နေရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က