မဲပေးခွင့်သူများအားလုံး လာရောက်မဲပေးပြီးနောက် စောစောစီးစီး မဲရေတွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မဲရေတွက်မှုပြီးစီးသွားပြီး အစောဆုံး မဲရုံပိတ်သွားတဲ့ နေပြည်တော်ပျဉ်းမနားမြို့နယ် မဲရုံ ၂ ရုံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်နေရာစလုံး အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့နယ် ဘို့မကျေးရွာအုပ်စုအတွင်းမှ သံတောင်းကျေးရွာအုပ်စုမဲရုံနဲ့ တဲစုကျေးရွာ မဲရုံနှစ်ရုံမှာ NLD ပါတီက အနိုင်ရရှိခဲ့တာပါ။ ဒီသတင်းကို မှန်ကန်ကြောင်းကိုလည်း ဒက္ခိဏခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းဦးကျော်မြင့်ဦးမှ အတည်ပြုခဲ့ပါတယ်။



"ဟုတ်ပါတယ်။ Facebook ပေါ်မှာ တက်နေတဲ့အတိုင်းပဲ။ အဲ့ဒါ မှန်ပါတယ်။ "လို့ ဦးကျော်မြင့်ဦးက Duwun ကို ပြောပါတယ်။ 


ဒီမဲရုံနှစ်ရုံမှာ မဲပေးခွင့်ရှိသူ ၂၀၀ ကျော်ခန့်ရှိပြီး မဲပေးခွင့်သူများအားလုံး လာရောက်မဲပေးပြီးနောက် စောစောစီးစီး မဲရေတွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာတစ်ချို့ရဲ့ ဖော်ပြချက်အရ သံတောင်းအုပ်စုမဲရုံ ပြည်သူ့လွှတ်တော်အတွက် NLD ပါတီကိုယ်စားလှယ်လောင်း ဦးသန်းစိုးအောင်က မဲရုံမဲ ၆၆ မဲ နှင့် ကြိုတင်မဲ ၁၃ မဲ စုစုပေါင်း ၇၉ မဲ ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးမြင့်သန်းအောင်က မဲရုံမဲ ၂၃ မဲနဲ့ ကြိုတင်မဲ ၆ မျိုး စုစုပေါင်း ၂၉ မဲ ရခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော်နေရာအတွက် သံတောင်းအုပ်စုမဲရုံမှာ NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်မြင့်ဦး မှ မဲအရေအတွက် ၈၀ နှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီမှ ၂၉ မဲ ရခဲ့တယ်လို့ ဆိုပါတယ်။ 

တဲစုကျေးရွာမဲရုံ ပြည်သူ့လွှတ်တော်နေရာအတွက် NLD မှ မဲအရေအတွက် ၁၀၀ နဲ့ ပြည်ခိုင်ဖြိုးမှ ၄ မဲ ရခဲ့ပြီး အမျိုးသားလွှတ်တော်နေရာအတွက် တဲစုကျေးရွာမဲရုံမှာ NLD မှ ၉၉ မဲ ၊ ပြည်ခိုင်ဖြိုးပါတီမှ ၈ မဲ ရခဲ့ပါတယ်လို့လည်း သိရပါတယ်။ 

Share

က္က