ကော်မရှင်က အတည်ပြုမဲအဖြစ် ဆုံးဖြတ်ပေးခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ် ၊ ဒဂုံ အထက (၁) မှာရှိတဲ့ မဲရုံအမှတ် (၁) မှာ ကြိုတင်မဲတွေ ရေတွက်နေချိန်မှာ မဲရုံမှူးက မဲစာအိတ်ဖောက်ရင်း မဲလက်မှတ် စုတ်ပြဲသွားခြင်းကို ပယ်မဲအဖြစ် မသတ်မှတ်ခဲ့တာကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားပြု ဒဂုံမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးကျော်ဇေယျက ကန့်ကွက်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ကြိုတင်မဲစာအိတ် ဖွင့်ဖောက်ကြေညာစဉ် မဲစာအိတ် ကော်နဲ့ကပ်နေတာကြောင့် စာအိတ်ဖွင့်ရာမှာ မဲလက်မှတ်ပြဲသွားခဲ့ပေမယ့် အဆိုပါမဲကို အတည်ပြုမဲအဖြစ် သတ်မှတ်ခဲ့တာပါ။ အဲ့ဒါကြောင့် ဦးကျော်ဇေယျက အဆိုပါမဲကို ပယ်မဲအဖြစ် သတ်မှတ်သင့်တယ်လို့ ကန့်ကွက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။



ဦးကျော်ဇေယျမှ ကန့်ကွက်စဉ်


ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲရုံမှူးနဲ့ ဦးကျော်ဇေယျတို့ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ကော်မရှင်ရဲ့ အဆုံးအဖြတ်အရ အတည်ပြုမဲအဖြစ် ထားရှိခဲ့တာပါ။ ဦးကျော်ဇေယျကတော့ အဆိုပါမဲကို ပယ်မဲအဖြစ် မသတ်မှတ်ခဲ့တာကို ဆက်လက်ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒဂုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ စတဲ့ ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ယခု ည ၇ နာရီခွဲအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအရေအတွက် အသာစီးရရှိနေတာ ဖြစ်ပါတယ်။

ဒဂုံမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၂ သောင်း ၁ ထောင်ကျော် ရှိပြီး လာရောက်မဲပေးသူအရေအတွက်ကတော့ မဲပေးခွင့်ရှိသူဦးရေရဲ့ သုံးပုံနှစ်ပုံခန့် ရှိတယ်လို့လည်း သိရပါတယ်။ 

Share

က္က