ပြည်ခရိုင်မှာ မဲရုံပေါင်း ၉၀၀ ကျော်၊ မဲပေးခွင့် ရှိသူပေါင်း ၇ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်ထဲက ပန်းတောင်းနဲ့ ပြည်မြို့နယ်က မဲရုံတချို့မှာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူခြင်းအပေါ် မဲရုံတာဝန်ရှိသူတွေဘက်က တားမြစ်ကန့်သတ်မှုတွေရှိခဲ့ပါတယ်။ 

မဲရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေထုတ်ပြန်ထားတဲ့ ပြည်တွင်းပြည်ပသတင်းမီဒီယာသမားများသတင်းရယူခွင့်ဆိုတဲ့အကြောင်းအရာကိုလေ့လာမှုမရှိတာကြောင့် သတင်းသမားတွေက ရပိုင်ခွင်နဲ့အညီ သတင်းရယူခဲ့ပေမယ့်လည်း မဲရုံပရဝုဏ်ဝန်းအတွင်း သတင်းဓာတ်ပုံရိုက်ကူးခွင့်တွေ ကန့်သတ်ခံခဲ့ရသလို၊ သတင်းအချက်အလက်ရယူရာမှာလည်း ပူးပေါင်းပါဝင်မှုမရှိခဲ့ပါဘူး။



"ရွှေတံခါးရပ်ကွက်က မဲရုံတစ်ခုရောက်တော့ လူတွေကြိတ်ကြိတ်တိုးနေပြီး ၆ပေမခြားဘူး။ ဒါနဲ့ ပုံရိုက်တော့ မဲရုံပြင်ပက ဆရာမနဲ့ အပူချိန်တိုင်းတဲ့ ကောင်လေးတွေက ပုံရိုက်ခွင့်မရှိဘူးဆိုလာတားတယ်။ ဒါနဲ့ ကျွန်မက မဲရုံအတွင်းကိုသာ ဝင်ခွင့်မရှိတာပါ၊ ပြင်ပမှာရိုက်ခွင့်ရှိပါတယ်ဆိုပြိး သတင်းမီဒီယာ ကောင်စီကထုတ်ထားတဲ့ စာအုပ်ထဲက သတင်းရယူခွင့်အကြောင်းကိုပြောတော့လည်း သူတိူ့ဘက်က လူတွေပြုံတိုးနေတာကိုမရိုက်ဖို့ ဆက်ပြောပါတယ်။ အချက်အလက်တောင်းတော့လည်း အဆင်ပြေပြေနဲ့ ပူးပေါင်းတာမျိုးမရှိပါဘူး။"လို့ ပြည်မြို့နယ်ထဲမှာ ရွေးကောက်ပွဲနေ့ သတင်းရယူခဲ့တဲ့ သတင်းသမားတစ်ဦး ကပြောပါတယ်။

ပြည်တွင်း ပြည်ပသတင်းမီဒီယာ သမားတွေအနေနဲ့ ရွေးကောက်ပွဲ နေ့ သတင်းရယူဖိူ့အတွက် သက်ဆိုင်ရာခရိုင်၊မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့ရဲ့ သတင်းရယူခွင့် ကဒ်ပြားတွေကို လျှောက်ထားရယူပြီး၊ ကျင့်ဝတ်နဲ့အညီ သတင်းရယူခဲ့ပေမယ့်လည်း တားမြစ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဦးဝေနော်က "မဲရုံအတွင်းကိုတော့ ဓာတ်ပုံရိုက်ခွင့်၊ ကင်မရာ၊ဖုန်းယူခွင့်မရှိဘူး၊မဲရုံပြင်ပမှာတော့ ရိုက်လိုရပါတယ်။ မဲရုံမှူးကတော့ သူအပြင်လိုက်ပြီးဖြေချင်လဲဖြေမှာပေါ့ သူ့ရဲ့ ဆန္ဒပေါ့။တော်ရုံသင့်ရုံ မီဒီယာကမေးရင်ကြောက်ကြတယ်။ အဲ့ဒါကြောင့် မဖြေကြတာဖြစ်မယ်လို့ ယူဆတယ်။မဖြေရလို့ ကန့်သတ်ထားတာတော့မရှိဘူး။"လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ သတင်းရယူမယ့် သတင်းသမားတွေဟာ သက်ဆိုင်ရာ ခရိုင်၊မြို့နယ်က ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲကို သတင်းရယူခွင့်ကဒ်ပြားလျှောက်ထားရပါတယ်။ လျှောက်ထားပြီး ကတ်ရရှိတဲ့အခါ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးပြီးတဲ့အထိ မဲရုံအတွင်းမှအပအခြားနေရာတွေမှာရွေးကောက်ပွဲ နဲ့ စပ်လျဉ်းပြီးလျို့ဝှက်ဆန္ဒမဲပေးခြင်းကိုမထိခိုက်စေဘဲ သတင်းရယူရန် ပစ္စည်းကိရိယာအသုံးပြုခွင့် ရှိပါတယ်။

ဥပဒေနဲ့မညီတဲ့ ရွေးကောက်ပွဲ လုပ်ဆောင်ချက်ကိုတွေရှိပါကလည်း ကြီးကြပ်ဆောင်ရွက်နေတဲ့ကော်မရှင် အဖွဲ့ခွဲအသီးသီးနဲ့ မဲရုံမှူးထံ အသိပေးပြောကြားခွင့်ရှိပါတယ်။ ဒါ့အပြင် ဥပဒေနဲ့မညီတဲ့ ရွေးကောက်ပွဲ လုပ်ဆောင်ချက် ကိုတွေ့ရှိပါကလည်း ကြီးကြပ်ဆောင်ရွက်နေသော ကော်မရှင် အဖွဲ့ခွဲအသီးသီးနဲ့ မဲရုံမှူးကို အသိပေးခွင့်ရှိတယ်လို့သတင်းမီဒိယာကောင်စီကနေ သတင်းသမားတွေဆီ ဖြန့်ဝေပေးထားတဲ့ မြန်မာသတင်းသမားများအတွက် အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာလမ်းညွှန်စာအုပ်မှာ ရေးသားထားပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနေ့တကယ့်မြေပြင်အခြေအနေမှာတော့ မဲရုံပရဝုဏ်ဝန်းအတွင်း သတင်းရယူခွင့်ကို ကန့်သတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ပြည်ခရိုင်မှာ မဲရုံပေါင်း ၉၀၀ ကျော်၊ မဲပေးခွင့် ရှိသူပေါင်း ၇ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က