လက်ရှိအချိန်ထိ မဲရလဒ်တွေရေတွက်နေဆဲဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေနဲ့ လက်ရှိမှာ မဲရလဒ်တွေကောင်းနေတာကြောင့် အစိုးရဖွဲ့နိုင်တဲ့ အခြေအနေက သေချာနေပြီဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောပါတယ်။

NLD အနေနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့ အနေအထား ရနေပြီဖြစ်ပေမယ့် ခုအချိန်ဟာ အောင်ပွဲခံရမယ့်အချိန်မဟုတ်သေးကြောင်းနဲ့ ကိုဗစ် ၁၉ ဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် ပြည်သူတွေကို ရောဂါကူးစက်မှာကိုလည်း စိုးရိမ်တဲ့အတွက် နေအိမ်တွေမှာသာ နေထိုင်ကာ နားစွင့်ပြီးအောင်ပွဲခံကြဖို့ပြောပါတယ်။



“ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်းမဲရလဒ်တွေကကောင်းနေပါတယ်။ အစိုးရဖွဲ့နိုင်မှာသေချာသလောက်ပါပဲ။ဒါပေမယ့်ကျနော်တို့က ဘယ်လောက်ရနေပြီဆိုတာတော့ကျနော်တို့လောလောဆယ်မပြောနိုင်သေးပါဘူး။တချို့နေရာလေးတွေမှာတော့ ရှုံးနိမ့်ခဲ့တာရှိပါ တယ်။ဒါပေမယ့်အောင်မြင်တဲ့နေရာတွေမှာလည်းအပြတ်အသတ် နိုင်ခဲ့ပါတယ်။ကြိုတင်မဲကိစ္စကတော့ဆန်းစစ်နေတုန်းပဲ။မနေ့ကရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကတကယ်ကိုအားရစရာကောင်းပါတယ်။ကျနော်တို့ပါတီအတွက်မဟုတ်ပါဘူး။နိုင်ငံရဲ့ အနာဂတ်အတွက်ပါ တက ယ်ကိုမျှော်လင့်ချက်ဖြစ်ပါတယ်။မဲရုံမသွားဖို့နှိုးဆော်တာရှိတယ်။ ဒါမှမဟုတ် ဒီအချိန်မှာကျန်းမာရေးပဲလုပ်သင့်တယ် ၊မဲပေးတာကိုရွှေ့သင့်တယ်လို့ ပြောဆိုတာတွေရှိသော်လည်းပြည်သူလူထုက ဒီမဲပေးခြင်းဟာ မဖြစ်မနေ အရေးကြီးတဲ့ကိစ္စ အလေးအနက်ထားတယ်ဆိုတာကို စိတ်အားထက်သန်စွာမဲလာရောက်ပေးတာကိုကြည့်ခြင်းအားဖြင့်ပြောနိုင်ပါတယ်။”လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲကောက်ယူစဉ် တိုင်ကြားထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ပြစ်မှုတွေနဲ့ ဆက်လုပ်သွားမှာဖြစ်သလို နောင်မှာလည်း ဆက်ပေါ်လာရင် ဥပဒေနဲ့အညီလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့မှာ မဲအပြတ်အသတတ်နဲ့ အနိုင်ရရှိနေပြီးအချို့ သောပြည်နယ်တွေမှာတော့ ဒေသခံတိုင်းရင်းသားပါတီတွေက အနိုင်ရရှိမှုများနေတဲ့အနေအထားဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 

Share

က္က