ပြည်နယ်တွေမှာ ၃၇နေရာအနိုင်ရမယ်ဆိုရင် အစိုးရဖွဲ့နိုင်တဲ့အင်အားလုံလောက်ပြီလို့သိရပါတယ်။

ရွေးကောက်ပွဲအပြီးမဲရေတွက်နေမှုများအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ရန်လိုအပ်တဲ့ ၃၂၂နေရာထက် ၆၀ကျော်လောက်ပိုမိုအနိုင်ရရှိနိုင်တယ်လို့ နိုင်ငံရေးသုတေသီ ဦးမျိုးရန်နောင်သိမ်းက သုံးသပ်ပြောကြားပါတယ်။ 


၂၀၂၀အထွေထွေရွေးကောက်ပွဲအပြီး နိုဝင်ဘာ၉ရက်နေ့မနက်ပိုင်းအထိ မဲရေတွက်နေမှုအခြေအနေအရ NLD ပါတီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာမှာ ၂၄၈နေရာအထိအနိုင်ရရှိထားတယ်လို့သတင်းရရှိပါတယ်။ ဦးမျိုးရန်နောင်သိမ်းရဲ့သုံးသပ်ချက်အရ ပြည်ထောင်စုလွှတ်တော်မှာအစိုးရဖွဲ့နိုင်ဖို့အတွက် ၃၂၂နေရာလိုအပ်ရာမှာ NLD ပါတီအနေဖြင့် တိုင်းဒေသကြီး ၂၈၅နေရာအနိုင်ရနိုင်ကြောင်းနဲ့ ပြည်နယ်တွေမှာ ၃၇နေရာအနိုင်ရမယ်ဆိုရင် အစိုးရဖွဲ့နိုင်တဲ့အင်အားလုံလောက်ပြီလို့သိရပါတယ်။ 


လက်ရှိ ပြည်နယ်တွေရဲ့ NLD ပါတီအပေါ်ထောက်ခံအားပေးမှုအရ ၉၀နဲ့၁၀၀အကြားအနည်းဆုံးရရှိနိုင်တယ်လို့ ဦးမျိုးရန်နောင်သိမ်းက သုံးသပ်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲကာလတုန်းက NLD ပါတီအနေနဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ် ၂၉၁နေရာမှာ ၁၀နေရာရှုံးခဲ့ပြီး ၂၈၁နေရာရှုံးခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ နောက်ဆုံးရရှိထားတဲ့စာရင်းတွေအရ တိုင်းဒေသကြီးတွေမှာ NLD ပါတီက ၂၈၅နေရာအထိ အနိုင်ရရှိဖို့ အလားအလာရှိနေပါတယ်။ ဒါကြောင့် NLD အစိုးရအနေနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့နေရာထက် နေရာ ၆၀ကျော်လောက် အသာရနိုင်တယ်လို့ ဦးမျိုးရန်နောင်သိမ်းက သုံးသပ်ထားပါတယ်။ 

Share

က္က