ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများအားလုံးကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖော်ပြထားပါတယ်။

ပြည်သူ့ပါတီအနေနဲ့ အသစ်ဖြစ်လာမည့် အစိုးရနှင့်လွှတ်တော်အတွက် လိုအပ်သည့် လေ့လာသုံးသပ်မှုများ ၊ အကြံပြုမှုများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်မှာပဲ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေအောက်တွင် တက်ကြွစွာ မဲပေးဆန္ဒပြုခဲ့သည့် မဲဆန္ဒရှင်ပြည်သူအားလုံးကို လှိုက်လှဲစွာကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်းနဲ့ ပြည်သူ့ပါတီအနေနဲ့လည်း ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများအားလုံးကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖော်ပြထားပါတယ်။



ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး မဲပေးပြီး တွေ့ရပုံ


"ကျွန်တော်တို့ ပြည်သူ့ပါတီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော်အသီးသီးမှာ နေရာပေါင်း ၁၄၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နေရာအများစုမှာ ကျွန်တော်တို့ထက် သက်တမ်းရှည်တဲ့ ဘဏ္ဍာရေး အရင်းအမြစ်တောင့်တင်းတဲ့ ပါတီကြီးနှစ်ခုပြီးရင် ကျွန်တော်တို့ ပြည်သူ့ပါတီဟာ တတိယနေရာမှာ အောင်မြင်မှုရလာတာဟာ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများ ၊ အောင်နိုင်ရေးအဖွဲ့များ ၊ ပြည်သူ့ပါတီဝင်များရဲ့ အချိန်တိုကာလအတွင်း အားတက်သရော ကြိုးပမ်းအားထုတ်မှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။" လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပါတီရဲ့ Facebook Live မှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တရားဝင်မဲရလဒ်များ ထုတ်ပြန်ခြင်း မရှိသေးပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ မဲရလဒ်တွေ ကောင်းနေပြီး အစိုးရဖွဲ့နိုင်တဲ့ အခြေအနေ သေချာသလောက် ရှိနေပြီလို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့််က ပြောထားပါတယ်။ 

Share

က္က