နိုဝင်ဘာ (၈) ရက် မနေ့ည (၈) နာရီခွဲအချိန်မှာပဲ တိုက်ခိုက်ခံရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အီးမေးလ်လိပ်စာ info@uec.gov.mm နိုဝင်ဘာ (၈) ရက် ညပိုင်းက တိုက်ခိုက်ခံခဲ့ရတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။


ကော်မရှင်ရဲ့ info@uec.gov.mm အီးမေးလ်လိပ်စာကို အသုံးပြုပြီး မမှန်ကန်တဲ့ အကြောင်းအရာတွေကို ပေးပို့ခဲ့ကြောင်း သိရှိခဲ့ရပြီး နိုဝင်ဘာ (၈) ရက် မနေ့ည (၈) နာရီခွဲအချိန်မှာပဲ တိုက်ခိုက်ခံရတဲ့ အဆိုပါ အီးမေးလ်လိပ်စာကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။


ဒါကြောင့် info@uec.gov.mm လိပ်စာကို အသုံးပြုပြီး ပေးပို့လာတဲ့အကြောင်းအရာတွေ ရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဖုန်းနံပါတ် ၀၆၇-၃၄၀၁၄၃၅ ကို ဆက်သွယ်အတည်ပြုနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားတာလည်းဖြစ်ပါတယ်။


လက်ရှိမှာ နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်တွေကို ပြည်သူတွေက ကြည့်ရှုနေတဲ့အချိန်မှာပဲ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။

Share

က္က