ဇေယျာသီရိမြို့နယ်မှာတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။

နေပြည်တော်က ပြည်သူ့လွှတ်တော်နေရာ (၈) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက (၇) နေရာ အနိုင်ရရှိခဲ့ပြီး အဆိုပါ အနိုင်ရရှိခဲ့တဲ့ နေရာအများစုက (၂၀၁၅) တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးနိမ့်ခဲ့တဲ့နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- နိုဝင်ဘာ (၈) ရက်က နေပြည်တော်မှာ မဲပေးကြစဉ်။



လက်ရှိ မြို့နယ်အလိုက်ရရှိတဲ့ မဲအရေအတွက်စာရင်းတွေအရ အမျိုးသား လွှတ်တော် (၂) နေရာစလုံး အနိုင်ရရှိတာဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာမှာတော့ ဇေယျာသီရိမြို့နယ်က လွဲလို့ ကျန်တဲ့နေရာတွေက အနိုင်ရရှိတာတယ်လို့ လက်ရှိ ဇဗ္ဗူသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က Duwun ကိုအတည်ပြုပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အဖွဲ့ချုပ် အနေနဲ့ ဝမ်းသာစရာတစ်ခုက အရင့်အရင်တုန်းက (၂၀၁၂) တုန်းကရော (၂၀၁၅) တုန်းကရော မဲရလဒ် သူမသာကိုယ်မသာဖြစ်ခဲ့တဲ့နေရာတွေ၊ ရှုံးခဲ့တဲ့နေရာတွေ မှာပါ နိုင်လာတာကို တွေ့ရတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ရဲ့ မဲရရှိမှု အခြေအနေက တိုးတက်လာတယ်လို့ ပြောချင်ပါတယ်” လို့ ဦးဖြိုးဇေယျာသော်က ဆိုပါတယ်။


လက်ရှိမှာ နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အနိုင်ရရှိတဲ့ မဲအရေအတွက်က ယခင်ရွေးကောက်ပွဲတွေထက် ပိုများလာပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူက ပိုများလာတာကြောင့်လို့ သုံးသပ်ရနိုင်ကြာင်း ဦးဖြိုးဇေယျာသော်က ဆိုပါတယ်။ "ဥပမာ ၂၀၁၂ တုန်းက ရှိတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့အရေအတွက်ထက် ၂၀၁၅ ကတိုးလာတယ်။ ၂၀၂၀မှာ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်က ပိုပြီးတိုးလာတယ်လို့ တွေ့ရတယ်။ အခုမဲပေးပိုင်ခွင့်ရှိသူ ၈ သောင်းကျော် ရှိလာတယ်။ အဲဒီအပေါ်မှာ မဲရရှိမှု အရေအတွက် ပိုများလာတာပေါ့။” ဇဗ္ဗူသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော်က Duwun ကိုပြောပါတယ်။ မြေပြင်သတင်းတွေအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နေပြည်တော်က ဇေယျာသီရိမြို့နယ်မှာ ရှုံးနိမ့်သွားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြံခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက မဲငါးထောင်ကျော် အသာနဲ့ အနိုင်ရရှိသွားခဲ့တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က