လာရောက်မဲပေးသူ ဦးရေ(၂၆၀၁၂၃၈)ဦးရှိပြီး မဲပေးမှုရာခိုင်နှုန်း အနေဖြင့်(၇၈.၅၈%)ရှိခဲ့ပါတယ်။

မကွေးတိုင်းမှာ ၂၀၂၀၊ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ တိုင်း NLDပါတီအောင်နိုင်ရေး ဥက္ကဌ ဦးတာက ပြောပါတယ်။ 

ဓာတ်ပုံ- မကွေးပို့စ်



မကွေးတိုင်းမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် (၈၈) နေရာရှိပြီး (၈၇)နေရာအတွက် NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့သတာလို့ ဦးတာကဆိုပါတယ်။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၀) နေရာ၊ပြည်သူ့လွှတ်တော် (၂၅) နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် (၁၂) နေရာမှာ NLDပါတီမှ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိထားပြီး၊ ချင်းတိုင်းရင်းသားရေးရာနေရာအတွက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်မှသာ သိရမယ်လို့ တိုင်းဒေသကြီး NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဥက္ကဌ ဦးတာကပြောပါတယ်။

ဓာတ်ပုံ- မကွေးပို့စ်

"တိုင်းအတွင်းတစ်ချို့မဲရုံတွေမှာ NLDပါတီက ရာနှုန်းပြည့်အနိုင်ရရှိပြီး၊ မဲအရေအတွက်ကပ်ပြီး နိုင်တာမျိုးမဟုတ်သလို ကပ်ပြီးရှုံးခဲ့တဲ့နေရာတွေရှိတယ်"လို့ ဦးတာကပြောပါတယ်။ မကွေးတိုင်းအတွင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၆)ဦးအပါဝင် ပါတီ (၁၃) ခုမှ ကိုယ်စားလှယ်လောင်း (၃၉၂)ဦး ဝင်ရောက်အရွေးချယ်ခံခဲ့ကြောင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရပါတယ်။ 

မကွေးတိုင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ NLD ပါတီကပဲ အပြတ်အသတ် အနိုင်ရရှိထားတာပါ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လာရောက်မဲပေးသ ဦးရေ(၂၆၀၁၂၃၈)ဦးရှိပြီး မဲပေးမှုရာခိုင်နှုန်း အနေဖြင့်(၇၈.၅၈%)ရှိခဲ့ပါတယ်။ 

မကွေးပို့စ်မှ ပေးပို့သောသတင်းဖြစ်ပါသည်။ 

Share

က္က