ကယားပြည်နယ်မှာ မြို့နယ် ခုနှစ်ခုရှိပြီး အဲ့ဒီအနက်မှ ာNLD ပါတီက မြို့နယ် ၄ ခုမှာ နေရာ၂၀ နဲ့အများဆုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၄ နေရာမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၈ နေရာသာအနိုင်ရပြီး NLD ပါတီကနေရာ၂ဝနဲ့ အများဆုံးအနိုင်ရရှိတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို ဆက်လက်ဖွဲ့နိုင်မယ့်အနေအထားဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ ကယားဒီမိုကရက်တစ်ပါတီအနေနဲ့ကတော့ လာမယ့် ၂၀၂၀ အလွန် အစိုးရအသစ်လက်ထက်မှာ အခြားတိုင်းရင်းသားပါတီတွေနဲ့ပူးပေါင်းပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ အတိုက်အခံအနေနဲ့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အနိုင်ရရှိထားတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ခူးသဲရယ်ကပြောပါတယ်။ "သူတို့ကအသာစီးရနေတော့ NLD ကပဲ အစိုးရပြန်ဖွဲ့နိုင်တဲ့အနေအထားဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ကမှန်းထားသလောက်အနိုင်မရရှိတော့ လက်ရှိအစိုးရဖွဲ့နိုင်တဲ့ပါတီနောက်ပဲလိုက်ရမှာဆိုတော့ဆောင်ရွက်လိုတဲ့ကိစ္စရပ်တွေကအပြည့်အဝအခွင့်အရေးပေးမလားမပေးဘူးလားဆိုတာကတော့သူတို့နဲ့သက်ဆိုင်တာပေါ့။ကိုယ်လုပ်ချင်တာ ကိုယ်ဆုံးဖြတ်ပိုင်ခွင့်မရတဲ့အခါကျတော့နည်းနည်းစိုးရိမ်စရာရှိတယ်ဆိုပေမယ့်လုပ်ရမှာပဲ။ နောက်ဆုံးတစ်ခုဘာလုပ်လို့ရလဲဆိုရင် သူတို့အစိုးရဖွဲ့လို့ရခဲ့ရင် ကျနော်တို့ လွှတ်တော်ထဲမှာ ပြည်နယ်မှာရော ပြည်ထောင်စုမှာရော အခြားတိုင်းရင်းသားပါတီတွေနဲ့ပူးပေါင်းပြီးအတိုက်အခံအနေနဲ့လုပ်သွားမယ်။ သူတို့ကောင်းတာလုပ်ရင်တော့ထောက်ခံမယ်မယ်မကာင်းတာလုပ်ရင်တော့ ကန့်ကွက်မယ် ကျွန်တော်တို့လုပ်ပိုင်ခွင့် ဒီလောက်ပဲရှိမှာပါ။ "လို့ ခူးသဲရယ်ကပြောပါတယ်။ 

ကယားပြည်နယ်မှာ မြို့နယ် ခုနှစ်ခုရှိပြီး အဲ့ဒီအနက်မှာ NLD ပါတီက မြို့နယ် ၄ ခုမှာ နေရာ၂၀ နဲ့အများဆုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ကယား ပြည်ဒီမိုကရက်တစ်ပါတီကတော့ မဟာမိတ်ပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီနဲ့ ပြည်နယ်အတွင်း ၃၄ နေရာလုံးဝင်ပြိုင်ခဲ့ပေမယ့် ၈ နေရာသာအနိုင်ရရှိခဲ့ပြီး USDP ကတော့ ၆ နေရာအနိုင်ရခဲ့တာဖြစ်တယ်လို့သိရပါတယ်။ "ရလဒ်အခြေအနေက NLDက ရှားတောမှာ လုံးလုံးရှုံးတယ်။ ဖရူဆိုနဲ့ ဘော်လခဲမှာလည်း လုံးလုံးရှုံးတယ်။ကျန်တဲ့နေရာတွေမှာအကုန်နိုင်တယ်။ အသေးစိတ်ကတော့ သူတိူ့ဆီက ပုံစံတွေကို တို့က ပုံစံ-၁၉သွင်းတယ်သူတို့ဆီက ၁၉ လှမ်းတောင်းတယ် တိုက်စစ်ဆေးပြီးမှ မှန်ကန်တယ်ဆို UEC ကိုတင်သွင်းမယ်။ UECကနေ အတည်ပြုပြီး မှန်တယ်ဆိုမှ ဆရာတို့က လက်မှတ်ထိုးထုတ်ရမှာ"လို့ကယားပြည်နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုးကပြောပါတယ်။

ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်ရှိပြီး ပြည်နယ်လွှတ်တော်က ၁၄နေရာ၊ ဗမာတိုင်းရင်းသားဝန်ကြီး ၁ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရ ၊ ပြည်သူ့လွှတ်တော်နေရာ ၇ နေရာအတွက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ကယန်း အမျိုးသားပါတီ ၊ NLD ၊ USDP ၊ တစ်သီးပုဂ္ဂလွှတ်တော်ကိုယ် စားလှယ်လောင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦအယ်ဖောင်ရှိုးကလည်း မယ်စဲ့မြို့နယ်ကနေ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂ )မှာ အနိုင်ရထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


Share

က္က