ရွှေမန်းသဘင်ရဲ့ မျိုးဆက်လေးပါ။

ဇာတ်ကားရိုက်နေရင်း ပင်ပန်းတာတောင် မျက်နှာလေးတစ်ချက်မှာ မငြိုးခဲ့တဲ့ ကလေးသရုပ်ဆောင် မင်းရွှေရောင်ထင် ရဲ့ အနုပညာအရည်အချင်းတွေကို ခင်လှိုင်က အခုလို ပြောပြလာပါတယ်။ 

Photo: Khin Hlaing



ဒီနေ့( နိုဝင်ဘာလ ၉ ရက်) ကတော့ နိုင်ငံကျော် ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းရဲ့ သားဖြစ်သူ မင်းရွှေရောင်ထင်ရဲ့ မွေးနေ့လေးပါ။ မင်းရွှေရောင်ထင်ကို သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲကို လက်တွဲခေါ်လာတဲ့ ခင်လှိုင်က အခုလို အမှတ်တရစကားတွေ ပြောလာခဲ့ပါတယ်။ 

" ရွှေမန်းသဘင်ရဲ့မျိုးဆက် ချစ်စရာအလွန်ကောင်းပြီး သူ့ရဲ့စိတ်ရင်းစေတနာ သဒ္ဒါတရားက မြင်တဲ့လူတိုင်းကချစ်ကြတဲ့သူ့ရဲ့ထူးခြားချက်လေးပေါ့။ အရွယ်နှင့်မမျှအောင်အနုပညာအပေါ်မှထားတဲ့စိတ်လေးက သူနှင့် အလုပ်အတူတူလုပ်ကြည့်မှသူ့ရဲ့ အားစိုက်မှုကို ပိုသိသာလာခဲ့တယ်။ ဘယ်လောက်ပင်ပန်းနေပါစေ မျက်နှာတစ်ချက်လေးမပျက်ပဲ ဇွဲရှိရှိ ကြိုးစားခဲ့တာကျွန်တော်မျှော်လင့်ထားတာထက်ပိုနေတယ်" ဆိုပြီးတော့ နိုဝင်ဘာလ (၉) ရက်နေ့ နေ့လယ် (၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: Khin Hlaing

အဲဒီနောက် ခင်လှိုင်ဟာ မင်းရွှေရောင်ထင်ကို အဓိက ထားပြီး " ဆိုးပေ" ဆိုတဲ့ ကျေးလက်ဟာသ ရုပ်သံဇာတ်လမ်းတွဲလေး ရိုက်ကူးခဲ့ပါသေးတယ်။ ဒီဇာတ်ကားရိုက်ရင်းနဲ့ပဲ မင်းရွှေရောင်ထင်ရဲ့ အနုပညာအရည်အချင်းတွေက သူ့ရဲ့ ရင်ထဲကို ရောက်လာခဲ့တာပါလို့ ဆိုပါတယ်။ 

" သူ့အကြောင်းလေးတွေသေသေချာချာမသိခင်မှာတော့ ကလေးကိုကျွန်တော့်ရင်ထဲသိပ်မရှိခဲ့ပါဘူး။ တင်မောင်ဆန်းမင်းဝင်းရဲ့သား...မင်းရွှေရောင်တင်ပေါ့ ဒီထက်မပိုခဲ့ပါဘူး။ မကြာသေးခင်အချိန်က ဆိုးပေး ဇာတ်လမ်းတွဲ နှစ်လ ခရီးစဉ်အပြီးမှာတော့ ဒီကလေးကကျွန်တော့်ရင်ထဲကိုရောက်လာခဲ့တယ်။ ပူတူး...မင်းရွှေရောင်တင် ကျွန်တော်ချစ်တဲ့ .....ဆိုးပေ...ဒီနေ့ကြရောက်သောမွေးနေ့ရက်မြတ်မင်္ဂလာမှပြီးနောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်ပျော်ရွှင်သောအနုပညာရှင်ကြီးဖြစ်ပြီးမိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်းရတာနာဖြစ်ပါစေဗျာ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Khin Hlaing

ဒါရိုက်တာ ခင်လှိုင်ရိုက်ကူးတဲ့ "ဆိုးပေ" ရုပ်သံဇာတ်လမ်းတွဲမှာ မင်းရွှေရောင်ထင်က "ဆိုးပေ" ဆိုတဲ့ ကလေးလေး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ထွန်းထွန်း နဲ့ ပိုင်ဖြိုးသုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ကျေးလက်ဇာတ်လမ်းတွဲလေး တစ်ခုဖြစ်တာကြောင့် သရုပ်ဆောင် အသစ်တွေ အဖြစ် သဇင်ထူးမြင့်၊ ထွန်းဝီရ၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က