ကျန်တဲ့ သုံးနေရာမှာ နှစ်နေရာက ဇိုမီးပါတီက အနိုင်ရပြီး တစ်နေရာက CNLD ကအနိုင်ရ

ချင်းပြည်နယ်အတွင်းက မြို့နယ် (၉)မြို့နယ်မှာ အမျိုးသားလွှတ်တော် ၁၂နေရာ၊ ပြည်နယ်လွှတ်တော် ၁၈ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာနဲ့အားလုံးပေါင်း ၃၉ နေရာဝင်ပြိုင်ရာမှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ၃၆နေရာအထိ အနိုင်ရရှိခဲ့တယ်လို့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံကနေ သိရပါတယ်။

 “ချင်းပြည်နယ်မှာ အမျိုးသားလွှတ်တော် ၁၂နေရာ၊ ပြည်နယ်လွှတ်တော် ၁၈နေရာနဲ့ ပြည်သူ့လွှတ်တော် ၉ နေရာနဲ့ အားလုံးပေါင်း ၃၉ နေရာ ရှိတာ NLDက ၃၆ နေရာအနိုင်ထားတယ်။ ကျန်တဲ့ သုံးနေရာမှာ နှစ်နေရာ ဖြစ်တဲ့ ပြည်နယ်လွှတ်တော် တစ်နေရာနဲ့ ပြည်သူ့လွှတ်တော် တစ်နေရာက ကျွန်တော်တို့ရဲ့ NLD မိတ်ဖက် ပါတီဖြစ်တဲ့ ဇိုမီးပါတီက အနိုင်ရတယ်၊ ကျန်တဲ့တစ်နေရာကဟားခါးမှာ ပြည်နယ် CNLD ကနိုင်ပါတယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက Duwun ကိုပြောပါတယ်။



 မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ အနိုင်ရလိုစိတ်တွေများပြီး သံသယစိတ်တွေနဲ့ မဲလက်မှတ်ကိစ္စအငြင်းပွားမှုပြဿနာလေးတွေရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ တစ်နိုင်ငံလုံးရဲ့ မဲရလဒ်တွေကို မသိရသေးပေမယ့် သိရှိရတဲ့ မြို့နယ်၊ ပြည်နယ်တွေရဲ့ ရလဒ်တွေကိုတော့ ကော်မရှင်က ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။

ချင်းပြည်နယ်တစ်ခုလုံးရဲ့ မဲရလဒ်တွေကိုလည်း လက်ရှိအချိန်ထိ မသိရှိရသေးဘူးလို့ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။ “ကျွန်တော်တို့ဆီကို အခုချိန်ထိ မြို့နယ်အားလုံးရဲ့ရလဒ်တွေမရောက်သေးဘူး။ မြို့နယ် နှစ်ခု၊သုံးခုလောက်ပဲ ရောက်သေးတယ်။ရောက်ရှိလာတဲ့ မြို့နယ်တွေရဲ့ ရလဒ်တွေကတော့ NLDကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိခဲ့တယ်” လို့ သူက ဆိုပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ်မှာ မဲရုံပေါင်း (၉၅၇)ရုံနဲ့ မဲပေးခွင့်ပြည်သူက နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ရာခိုင်နှုန်းအရေအတွက်ကိုလည်း တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ်မှာ မဲရုံပေါင်း (၉၅၇)ရုံနဲ့ မဲပေးခွင့်ပြည်သူက (၂၈၀,၀၀၀) နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ရာခိုင်နှုန်းအရေအတွက်ကိုလည်း တွက်ချက်နေဆဲဖြစ်ပါတယ်။

Share

က္က