လွှတ်တော်နေရာ စုစုပေါင်း ၇၀ ရှိပြီး မဲရလဒ် အခြေအနေမသိရသေးတဲ့နေရာ ၈ နေရာ ကျန်ရှိပါသေးတယ်။

ကချင်ပြည်နယ်မှာ နိုဝင်ဘာ(၉)ရက်နေ့ ည(၈)နာရီအချိန်အထိ မဲရလဒ်အခြေအနေတွေအရ NLDက ၈၀ ရာခိုင်နှုန်း အနိုင်ရရှိနေပြီလို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် NLD ပါတီအောင်နိုင်အဖွဲ့မှ ပြန်ကြားရေး ဦးကျော်ကျော်ဦးက Duwun ကို အတည်ပြု ပြောပါတယ်။



လက်ရှိ အနိုင်ရရှိထားတဲ့ မဲရလဒ် စာရင်းတွေက အမျိုးသားလွှတ်တော်နေရာအတွက် ၁၀နေရာ၊ ပြည်သူ့လွှတ်တော်နေရာအတွက် ၁၅နေရာ၊ ပြည်နယ်လွှတ်တော်နေရာအတွက် ၂၉နေရာနဲ့ အနိုင်ရရှိထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိအချိန်ထိကတော့ ကချင်ပြည်နယ်မှာ NLDက နေရာတော်တော်များများမှာ အနိုင်ရပါတယ်။ အစိုးရလည်းဖွဲ့လို့ရတယ်။လွှတ်တော်လည်းဖွဲ့လို့ရတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းနိုင်တယ်လို့ ပြောလို့ရတယ်။ တချို့နေရာကတော့ အရမ်းဝေးလွန်းတဲ့နေရာတွေဆို အစအနတောင်မကြားရသေးဘူး” လို့ NLD ပါတီအောင်နိုင်အဖွဲ့မှ ပြန်ကြားရေး ဦးကျော်ကျော်ဦးက Duwun ကို အတည်ပြု ပြောပါတယ်။

ကချင်ပြည်နယ်မှာ အမျိုးသားလွှတ်တော်(၂)နေရာ၊ ပြည်သူ့လွှတ်တော် (၃)နေရာနဲ့ ပြည်နယ်လွှတ်တော် (၃)နေရာတို့မှာတော့ မဲရလဒ်အခြေအနေကို မသိရသေးဘဲ ပြည်နယ်လွှတ်တော် (၈) နေရာမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ရှုံးနိမ့်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရှုံးနိမ့်သွားတဲ့ (၈)နေရာမှာတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီက (၄)နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၃)နေရာနှင့် ရှမ်းတိုင်းရင်းသား ပါတီတစ်ခုက (၁)နေရာ အနိုင်ရရှိသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော်် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၄၀ ရှိပြီး စုစုပေါင်း ၇၀ နေရာရှိပါတယ်။

Share

က္က