ယောက္ခမတော်ရမယ့်သူအပေါ် သူ့ရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။

ခြူးလေးကတော့ သူ့အတွက် မင်္ဂလာပွဲဆိုတာကို အချိန်အခါ ကြိုတင်သတ်မှတ်ထားလေ့မရှိဘူးလို့ ဆိုပါတယ်။ 

Photo: Mielay



သရုပ်ဆောင် ခြူးလေးကတော့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို တက်ရောက်လာတာ တွေ့ရပါတယ်။ မင်္ဂလာမောင်နှံရဲ့ အပျော်တွေကိုလည်း သူက ခံစားပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီပွဲမှာပဲ သူမရဲ့ မင်္ဂလာသတင်းလေးကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။ 

“ ကိုယ်ကတော့ သူများတွေရဲ့ မင်္ဂလာပွဲတွေကို လိုက်တက်ရင်း သတို့သား၊ သတို့သမီးတွေရဲ့ ပျော်ရွှင်မှုတွေနဲ့ ထပ်တူ လိုက်ပါ စီးမျှောမိတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် အတွက်တော့ စောပါသေးတယ်။ မင်္ဂလာပွဲဆိုတာကို ဘယ်အချိန်ရယ်လို့တော့ မသတ်မှတ်ထားသေးပါဘူး။ အဲဒီလို မသတ်မှတ်တဲ့ အတွက် စောသေးတယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ (၅) ရက်နေ့က ဖြေဆိုခဲ့တာပါ။ 

Photo: Mielay

ခြူးလေးဟာ ခင်လွှမ်းအပေါ် နွေးထွေးမှုရှိတဲ့ စည်ဖြိုးမိခင်ရဲ့ မေတ္တာတွေကိုလည်း သိရှိပြီးသားသူ ဖြစ်တဲ့ အတွက် ယောက္ခမရ ကံကောင်းတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ခြူးလေးကိုယ်တိုင်ကလည်း သူလိုချင်မိတဲ့ ယောက္ခမပုံစံကို အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ ခြူးလေး အမြင်ကတော့ ယောက္ခမတွေ၊ ယောက်မ တွေ၊ ချွေးမတွေ၊ ယောက်ဖ တွေဆိုတာ အတိတ်ဟောင်းမှာ ကျန်ခဲ့ပါပြီ။ အခုချိန်မှာ လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ပဲ အရေးကြီးတာပါ။ ခြူးလေး အနေနဲ့ ယောက္ခမ ဘာညာ သဘောမထားဘူး။ အဓိက က နားအေးရင် ပြီးရော ဒါဆို အဆင်ပြေတယ်။ ဒါပေမယ့် ကိုယ်က အငယ်ဖြစ်တဲ့အတွက် စပြီးတော့ မေတ္တာပေးရမှာပေါ့။ ခြူးလေးက မေတ္တာ အပြည့်အဝပေးသလိုပဲ ကိုယ့်ကိုလည်း မေတ္တာအပြည့်အဝ ပြန်ပေးတာမျိုး လိုချင်တယ်၊ အဲဒါဆိုရင် အမြဲတမ်း အေးချမ်းနေမှာပေါ့နော်” လို့ သူက ပြောပါတယ်။ 

Photo: Chue Lay

ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပေမယ့် ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာကိုလည်း တွေ့ရပါတယ်။ ကိုဗစ်ကာလမှာသူမက အနုပညာနဲ့ ပတ်သက်ပြီး ရုပ်ရှင်တွေကြည့်ရင်း ဝမ်းစာဖြည့်နေတယ်လို့ ဆိုပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က