မေကဗျာကတော့ ထီသည်ကို သနားပြီး အမှတ်တမဲ့ထိုးခဲ့တဲ့ ထီလက်မှတ်ကနေ ထီပေါက်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေပါတယ်။
Photo: May Kabyar
သရုပ်ဆောင် မေကဗျာကတော့ ထီနဲ့ ပတ်သက်လာရင် အရမ်းကို ကံကောင်းတတ်သူ တစ်ယောက်ပါ။ အခုလည်း ထီသည်တွေ ထီထိုးမယ့် သူရှိပါ့မလားဆိုတဲ့ သနားစိတ်နဲ့ ထိုးခဲ့တဲ့ ထီလက်မှတ်က (၁) သိန်းဆုပေါက်ခဲ့တာဖြစ်ပါတယ်။ အမှတ်တမဲ့ ထိုးခဲ့တဲ့ ထီဖြစ်တာကြောင့် (၉)ရက်နေ့ကျမှသာ ထီတိုက်ခဲ့မိတယ်လို့ ပြောပါတယ်။
" E Lan live လွှင့်မဲ့နေက studio ထိပ်မှာ ထီသည်တွေ့တော့ မှန်သောစကားပါ အော်ထီသည်တွေထိုးမယ့် သူရောရှိရဲ့လားမသိဘူးဆိုပြီး ကားရပ်ပေး ထီထိုးမယ်ဆိုပြီးထိုးလိုက်တဲ့ ထီက တစ်သိန်းဆုပေါက်တယ်။ ဒီနေ့မှထီတိုက်ကြည့်လိုက်တာ သူတို့ဆက်ရင်လည်းဆက်မှာပေါ့ အလုပ်ဖုန်းပေးမိလိုက်တော့ မကိုင်မိတာလည်းဖြစ်ချင်ဖြစ်မှာ ဘာပဲဖြစ်ဖြစ် သူများကိုကူညီတဲ့ စေတနာ ချက်ချင်းအကျိုးပေးတယ်ဆိုတာသိပ်မှန်တာပဲ" ဆိုပြီးတော့ နိုဝင်ဘာလ (၉) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo: May Kabyar
မေကဗျာဟာ ပထမဆုံးအကြိမ် ထီကံကောင်းခြင်း အမှတ်တရ အနေနဲ့ ၂၀၂၀ ခုနှစ် မေလတုန်းက ထီလက်မှတ်(၃) စောင်ထိုးခဲ့ရာမှ ထီလက်မှတ်(၂) စောင်ကနေ (၅) သောင်းဆု တစ်ဆုစီ ပေါက်ခဲ့ပါတယ်။ ဒုတိယမြောက်အနေနဲ့ ဧပြီလတုန်းကလည်း ထီ(၅) သောင်းဆု ပေါက်ခဲ့ပြန်ပါတယ်။ ဒီတစ်ခေါက်ကတော့ သူ့အတွက် တတိယအကြိမ်မြောက် ထီကံကောင်းခြင်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မေကဗျာအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
Photo: May Kabyar
မေကဗျာဟာ လက်ရှိမှာတော့ ကိုဗစ်ကာလကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာ တွေ့ရပါတယ်။ ဒါပေမယ့် စီးပွားရေး တစ်ခုအနေနဲ့ ကိုယ်ပိုင် အထည်လေးတွေရောင်းချနေတာ ဖြစ်ပြီး လာရောက်ကမ်းလှမ်းတဲ့ ရတနာဆိုင်တွေ ရတနာပစ္စည်းတွေကိုလည်း Live လွှင့်ပြီး ရောင်းနေတာ တွေ့ရပါတယ်။ မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အငြိမ့်ကလေ့ရှိတာကိုလည်း တွေ့ရပါတယ်။