Pegatron ဟာ အရင်ကလည်း အလုပ်သမားစည်းကမ်းတွေ ချိုးဖောက်ခဲ့ပါတယ်

တရုတ်အခြေစိုက် စက်ရုံတချို့မှာ ကျောင်းသားအလုပ်သမားရေး ချိုးဖောက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် Apple ဟာ ထိုင်ဝမ်အခြေစိုက် အဓိက supplier တစ်ခုနဲ့ ကန်ထရိုက်သစ်ချုပ်ဆိုမှု ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

Pegatron ဟာ Apple ရဲ့ အကြီးဆုံး supply chain partner တွေထဲက တစ်ခု ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒုတိယအကြီးဆုံး iPhone ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ Apple ရဲ့ နာမည်ကျော် Macs ကွန်ပျူတာများ ၊ iPads နဲ့ တခြားအစိတ်အပိုင်းတွေကိုလည်း Pegatron မှ ထုတ်လုပ်ပေးနေတာပါ။



Photo: macobserver


ရှန်ဟိုင်းမှာ ရှိတဲ့ Pegatron ရဲ့ စက်ရုံမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေကို အလုပ်သမားစည်းမျဉ်းနဲ့မညီဘဲ ညပိုင်းအလုပ်တွေခိုင်းတာနဲ့ အချိန်ပိုဆင်းစေတာတွေ တွေ့ရှိခဲ့ပြီးနောက် supplier တွေရဲ့ လုပ်ထုံးကို ချိုးဖောက်တာကြောင့် Apple ဟာ နောက်ထပ် ကန်ထရိုက်စာချုပ်သစ်တွေမှာ Pegatron နဲ့ အဆက်အသွယ်ဖြတ်လိုက်တာ ဖြစ်တယ်လို့ Bloomberg သတင်းက ဖော်ပြထားပါတယ်။

" ဘယ်ကျောင်းသားအလုပ်သမားပရိုဂရမ်တွေမှာမဆို ညဆိုင်းဆင်းတာနဲ့ အချိန်ပိုလုပ်ခိုင်းတာမျိုးကို တားမြစ်ထားပြီး အလုပ်သင်ဆင်းသူတွေဟာ သူတို့အဓိက လုပ်ရမယ့်အလုပ်ဖြစ်ဖို့ ကျွန်တော်တို့ဟာ အသေအချာ review လုပ်တာ ခွင့်ပြုချက်ပေးတာတွေ လုပ်ပါတယ်။" လို့ Apple က ထုတ်ပြန်ပါတယ်။

Photo: Business Insider


ဒီထုတ်ပြန်ချက်မှာပဲ Pegatron အနေနဲ့ ပရိုဂရမ်မန်နေဂျာကို အလုပ်မှ ထုတ်ပယ်ထားတယ်လို့ ဆိုပါတယ်။ Pegatron ဘက်မှလည်း ကျောင်းသားတွေကို ထုတ်လုပ်မှုပိုင်းမှာ အလုပ်လုပ်စေမှု ရပ်ထားလိုက်ပြီး ဖောက်သည်တွေနဲ့ Third-party ကျွမ်းကျင်သူတွေနဲ့ အလုပ်လုပ်ခိုင်းထားလိုက်ပြီ ဖြစ်သလို ထိုက်သင့်တဲ့ လျော်ကြေးပေးပြီး ပံ့ပိုးစောင့်ရှောက်မှုပေးထားတယ်လို့ ဖော်ပြထားပါတယ်။

Pegatron ဟာ Student Worker ပရိုဂရမ် ချိုးဖောက်မှုကို အရင်ကလည်း ကျူးလွန်ခဲ့ဖူးပါတယ်။ ၂၀၁၃ မှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်အလုပ်သမားရေးရာ စောင့်ကြည့်အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ ရှန်ဟိုင်းမှာရှိတဲ့ Pegatron စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ ကျောင်းသားအလုပ်သမားတွေဟာ အချိန်ပိုကြေး မရသလို သတ်မှတ်လစာအတိုင်း မရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က