ဥပဒေချိုးဖောက်မှုများမှာ မကွေးခရိုင်တွင်(၈)ခု၊ မင်းဘူးခရိုင်တွင် (၂)ခု၊ သရက်ခရိုင်တွင် (၃)ခု နဲ့ ပခုက္ကူခရိုင်တွင် (၉)ခုတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲနေ့တွင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေချိုးဖောက်မှု (၂၂)ခုရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။



အဆိုပါဖြစ်စဉ်များတွင် တံဆိပ်တုံးအတုယူလာမှုနဲ့ တံဆိပ်တုံးမှားယွင်မှု၊ ကိုယ်စားမဲပေးမှု(၂)မှု၊ ကိုယ်စားလှယ်လောင်းအမည်စာရင်းမှားယွင်မှု၊ မဲပေးစဥ် မဲရုံရှေ့မှာ ပါတီစည်းရုံးရေးသဏ္ဍာန်ဆောင်တဲ့ ဆိုင်ကယ်တွင် ပါတီတံဆိပ်ကပ်လာတဲ့ဖြစ်စဥ်(၁)မှု၊ မဲ(၂)ကြိမ်ပေးတဲ့ဖြစ်စဥ်၊ တိုင်းရင်းသားဒေသကိုယ်စားလှယ်လောင်းစာရွက်မှားပေးတဲ့ဖြစ်စဥ်၊ မဲပေးတဲ့အမည်မပါဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နဲ့ မဲပေးမှုဖြစ်စဥ်၊ မဲရုံရှေ့ စာရွက်စာတမ်းဖြန့်တဲ့ဖြစ်စဥ်၊ ကိုယ်စားလှယ်လောင်း(၁)ဦးထက်ပိုပြီး မဲရုံကိုလာတဲ့ ဖြစ်စဥ်၊ တံဆိပ်တုံးပြောင်းပြန်ဖြစ်နေပြီး ပြန်လဲပေးရတဲ့ ဖြစ်စဥ်၊ မဲရုံတာဝန်ကျဝန်ထမ်းများအား သောက်စားမူးယစ်ပြီးဆဲဆိုတဲ့ ဖြစ်စဥ်၊ မဲဆန္ဒမပေးခင်အမည်စာရင်းပါရှိပြီး ကိုရင်ကြီးဝတ်ပြီးမှ မဲလာပေးတဲ့ ဖြစ်စဥ်နဲ့ မဲလက်မှတ်မှားယွင်းထုတ်ပေးတဲ့ ဖြစ်စဥ်များ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

“ရွေးကောက်ပွဲနေ့က ဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်တွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိသူတွေရှင်းကြပါတယ်၊ အမှု(၂)မှုပဲ သက်ဆိုင်ရာမြို့မရဲစခန်းတွေမှာ အမှုဖွင့်တာပါ”လို့ ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောပါတယ်။

  ယင်းအမှု(၂)ခုမှာ ပေါက်မြို့နယ် အိုင်းမကျေးရွာအုပ်စု စခန်းလှကျေးရွာ မဲရုံအမှတ်(၃)တွင် တာဝန်ကျဝန်ထမ်းအား မူးယစ်သောက်စားပြီးညစ်ညမ်းစွာဆဲဆိုသူအား ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၆၂ နဲ့ အရေးယူထားခြင်းဖြစ်ပါတယ်။ ဒုတိယအမှုမှာ မကွေးတိုင်း မြို့သစ်မြို့နယ် အင်းရွာကြီးအုပ်စု တလင်းကုန်းကျေးရွာမှ ဒေသခံတစ်ဦးဟာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ တံဆိပ်တုံးမဟုတ်ဘဲ တံဆိပ်တုံးအတုအသုံးပြု မဲပေးတယ်လို့ဆိုတာ အမှုဖွင့်အရေးယူထားခြင်းဖြစ်ပါတ‌ယ်။

ဥပဒေချိုးဖောက်မှုများမှာ မကွေးခရိုင်တွင်(၈)ခု၊ မင်းဘူးခရိုင်တွင် (၂)ခု၊ သရက်ခရိုင်တွင် (၃)ခု နဲ့ ပခုက္ကူခရိုင်တွင် (၉)ခုတို့ဖြစ်ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောပါတယ်။

    မကွေးတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှု(၄၂)မှုနဲ့ ရွေးကောက်ပွဲရက်တွင် တိုင်ကြားမှု(၂)မှု စုစုပေါင်းတိုင်ကြားမှု (၄၄)မှုရှိပြီး ၂၀၁၅ ရွေးကောက်ပွဲကာလတွင် တိုင်ကြားအမှု (၄၅)မှုရှိခဲ့ပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

က္က