မကွေးမြို့နယ် ယင်းမာတောကျေးရွာ မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့်အဖွဲ့ဝင် ဆရာမတွင် ယနေ့ နိုဝင်ဘာ ၁၀ရက်နေ့ညနေပိုင်းက Covid 19 ရောဂါပိုးတွေရှိခဲ့တာပါ။

မကွေးမြို့နယ် ယင်းမာတောကျေးရွာ မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့်အဖွဲ့ဝင် ဆရာမတွင် ယနေ့ နိုဝင်ဘာ ၁၀ရက်နေ့ညနေပိုင်းက Covid 19 ရောဂါပိုးတွေရှိခဲ့တဲ့အတွက် ယင်းကျေးရွာအား ယနေ့ညပိုင်းမှစ၍ အသွားအလာကန့်သတ်ထားလိုက်ပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေမှူး ဦးသက်လွင်က အတည်ပြုပါတယ်။



“ ယင်းမာတောကျေးရွာမှာ မဲရုံမှာ အဖွဲ့ဝင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမက မနေ့ကဖျားပြီး ဒီနေ့မနက် တိုင်းဆေးရုံတင်တယ်၊ အခုညနေပိုင်းမှာ ပိုးတွေ့တယ်လို သိရတယ်၊ အခုလိုသိရတဲ့အချိန် အခုနလေးဘဲ ကျန်းမာရေးက ယင်းမာတောရွာကို ၂၁ ရက် အသွားအလာကန့်သတ်လိုက်ပါပြီ”လို့ ဦးသက်လွင်က ပြောပါတယ်။ အဆိုပါ ဆရာမက ယင်းမာတောကျေးရွာတွင် ရွေးကောက်ပွဲမဲရုံတာဝန်အဖွဲ့ဝင်အဖြစ် အောက်တိုဘာ (၂၉)ရက်နေ့ ကြိုတင်မဲပေးသည်နေ့ကစပြီး တာဝန်ထမ်းဆောင်နေကြောင်း ယင်းမာတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အတည်ပြုပါတယ်။

ဓာတ်ပုံ - မကွေးပို့စ်

“ဆရာမက ကျွန်တော်တို့ရွာကျောင်းမှာ ပညာသင်ပေးနေတဲ့ဆရာမ ဖြစ်ပါတယ်၊ ရွေးကောက်ပွဲကာလ ဒီရွာမှာပဲ မဲရုံတာဝန်ကျပါတယ်၊ နိုဝင်ဘာ ၂၉ရက်နေ့ကတည်းက တာဝန်ထမ်းဆောင်နေတာပါ၊ မနက်လာ ညနေပြန်ပေါ့၊ နိုဝင်ဘာ ၆ရက်နဲ့ ၇ရက်နေ့မှာတော့ ရွာမှာပဲ အိပ်ပါတယ်၊ အခုဆရာမမှာ ပိုးတွေ့တယ်သိရတော့ ရွာကလည်း အရမ်းစိုးရိမ်နေကြပါတယ်”လို့ ဦးမြင့်ဦးက ဆိုပါတယ်။ 

Covid 19ရောဂါကာလ ၂၀၂၀ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မကွေးမြို့နယ် ယင်းမာတောကျေးရွာတွင် မဲဆန္ဒရှင်ဦးရေ (၉၃၁)ဦးရှိကြောင်း သိရပါတယ်။

သတင်း- တင်ရွှေ(မင်းဘူး)

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

က္က