ထောပတ်ထမင်း အလှူပြုခဲ့ပါတယ်။

ညီနန္ဒကတော့ မင်္ဂလာသက်တမ်း နှစ်ပတ်လည် နေ့လေးကို ကုသိုလ်အလှူတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Nyi Nanda



သရုပ်ဆောင် ညီနန္ဒကတော့ ဇနီးဖြစ်သူ မနန်းထိုက်အောင်နဲ့ ဒီနေ့ ( နိုဝင်ဘာလ ၁၁ ရက်)မှာ အိမ်ထောင်သက်တမ်း (၁၁) နှစ်ပြည့်ခဲ့ပါပြီ။ သူတို့ ဇနီးမောင်နှံဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ ဒီလို အမှတ်တရနေ့လေးကို သုဝဏ္ဏမှာရှိတဲ့ ဧရာဝတီ ကိုဗစ်စင်တာမှာ ထောပတ်ထမင်း ဒါနအလှူနဲ့ ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။

" ဒီနေ့က ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာ သက်တမ်း (၁၁) နှစ်ပြည့်တဲ့ နေ့လေးပါ။ ဒါကြောင့် သုဝဏ္ဏမှာတဲ့ရှိတဲ့ Q Center ကို ထောပတ်ထမင်းဗူးပေါင်း(၁၁၀) လှူဒါန်းမှာဖြစ်ပါတယ်။ နောက်ထပ် စေတနာရှင်တွေရဲ့ အလှူလေးကိုလည်း ကျွန်တော်က အကျိုးဆောင် လှူဒါန်းပေးမှာပါ" ဆိုပြီးတော့ ဗီဒီယို ဖိုင်နဲ့တကွ ပြောခဲ့တာဖြစ်ပြီး "မင်္ဂလာသက်တမ်း(၁၁) နှစ်၊ ဘယ်လိုအခြေအနေမျိုးရောက်ရောက် အသက်ရှင်နေသ၍ အတူတူရှိနေမယ်" ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားရင်း မင်္ဂလာ အမှတ်တရ ဓာတ်ပုံဟောင်းလေးကိုလည်း တင်ခဲ့ပါသေးတယ်။ 

Photo: Nyi Nanda

လက်ရှိမှာတော့ ညီနန္ဒနဲ့ မနန်းထိုက်အောင်တို့ဟာ တစ်ဦးတည်းသော သမီးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကကို ထူထောင်ထားကြတာဖြစ်ပါတယ်။ ညီနန္ဒဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ အနုပညာအလုပ်တွေ ခဏတာ ရပ်နားခဲ့ချိန်တုန်းက စီးပွားရေးတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလို လောင်းကစားတွေလည်း လုပ်ခဲ့ဖူးတယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ လူကောင်းတစ်ယောက် အနေနဲ့ မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်နေတာကိုလည်း တွေ့ရပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒဟာ အခုချိန်မှာ ကိုဗစ်ကာလဖြစ်တဲ့ အတွက် အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ "ကိုနန္ဒ"လို့ အမည်ပေးထားတဲ့ ထောပတ် ထမင်းရောင်းနေပါတယ်။ သူ့ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးခဲ့ကြတာပါ။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က