ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးတာကြောင့် တရားခံကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း ၊ ပေါင်းတည်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ NLD ပါတီ အောင်ပွဲဆိုပြီး အောင်ပွဲခံရာမှာ အမျိုးသားတစ်ဦးဓားထိုးခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မှတ်တိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးမင်းက ပြောပါတယ်။



လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးတာကြောင့် တရားခံကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အောင်ပွဲကိုသွားတာပေါ့ ။သူကတော့ အဲဒီရွာကမဟုတ်ဘူး။ အောင်ပွဲလုပ်တာက ကုန်းဆင်းရွာမှာပေါ့။ သူကအောင်ပွဲကို သွားလည်လိုက်ချိန်မှာ ကရင်းခုန်ရင် ဆောင်းဘောက်ဖွင့်ပြီး ကကြခုန်ကြတာပေါ့၊ အဲဒီတော့ ကရင်း ခုန်ရင်းနဲ့ထိမိခိုက်မိကြပုံရပါတယ်။ အဲဒီမှာတင် စကားများကြပြီးဖြစ်ကြတာပေါ့”လို့ စခန်းမှူး ရဲအုပ် မျိုးမင်းက ပြောပါတယ်။ 

ဖြစ်စဉ်က ပေါင်းတည်မြို့နယ်၊ အဂ္ဂအုပ်စု၊ ကုန်းဆင်းကျေးရွာမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ညက ကျင်း ပ ခဲ့တဲ့ အောင်ပွဲမှာ အသက် ၂၉ နှစ်အရွယ် ဇော်ဝင်းထွဋ် ဆိုသူ ဓားနဲ့အထိုးခံရတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ တော့ မှတ်တိုင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

ဆေးရုံကို ရောက်ရှိစဉ် ဇော်ဝင်းထွဋ်မှာ ယာဘက်နို့အုံအောက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ငယ်ထိပ်စုတ်ပြဲဒဏ်ရာ ၁ ချက်၊ နောက်ကျော ခါးတွင်ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိကာ သေဆုံးခဲ့တယ်လို့သိရပါတယ်။

အမှုဖြစ်ပွားရခြင်းမှာ တရားခံနဲ့ သေဆုံးသူတို့ဟာ ပျော်ပွဲရွှင်ပွဲမှာ အချင်းချင်း စကားများရာကနေ ဒေါသအလျှောက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ ရဲစခန်းက သုံးသပ်ထားပြီး အမှုကို ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေ ရဲစခန်းမှာ (ပ)၈၆/၂၀၂၀ ပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က