လက်ရှိစုစည်းရရှိထားတဲ့ ရလဒ်တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများဆုံးအနိုင်ရရှိထားပြီးဖြစ်တယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ယခုအပတ်အတွင်း အပြီးသတ် တရားဝင် ထုတ်ပြန်သွားဖို့ ရှိနေပြီး လက်ရှိမှာတော့ (၃၀) ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီလို့လည်းသိရပါတယ်။အခု စုစည်းရရှိထားတဲ့ ရလဒ်တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများဆုံးအနိုင်ရရှိထားပြီးဖြစ်တယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။



ဒီနေ့ နိုဝင်ဘာ (၁၁) ရက်က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက (၁၀) ရက်ကြာတယ်။ ကျွန်တော်တို့က (၅) ရက် အများဆုံး (၇) ရက် ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ အခု (၃၀) ရာခိုင်နှုန်းပြီးပြီ။ အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပေါ့” လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ကျင်းပပြီးစီးခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ (၃၈) သန်းကျော်ထဲက (၇၀) ရာခိုင်နှုန်းကျော်ကျော် မဲပေးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်ပါတယ်။

 “ မဲပေးခွင့်ရှိသူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းကျော်ကျော်မဲလာပေးတယ်လို့ ခန့်မှန်းရပါတယ်။” လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးမြင့်နိုင်က ဆိုပါတယ်။

(၂၀၂၀) ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်တဲ့ ရခိုင်၊ရှမ်း စတဲ့ အချို့ဒေသတွေမှာ ဥပဒေနဲ့ အညီလွတ်လပ်မျှတတဲ့ အခြေအနေ တွေရှိရင် ကျင်းပသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အဆိုပါ ဒေသတွေမှာ ရှိတဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်ရယူက စိတ်ချရတဲ့ အနေအထားရှိရင် ကျင်းပသွားဖို့ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်အနေနဲ့ အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က