မင်းသမီးမျိုးသန္တာထွန်းကလည်း ဒီပြဿနာအပေါ် ဖြေရှင်းခဲ့ပါတယ်။

ငှက်ပျောကြော်ကတော့ သရုပ်ဆောင် မျိုးသန္တာထွန်းရဲ့ တူပါလို့ လိမ်လည်ပြီး ကန်တော့သွားတဲ့ လူလိမ်တွေ အကြောင်းကို အနုပညာရှင်တွေ သိအောင် အခုလို ပြောပြလာပါတယ်။ 

Photo: Nga Pyaw Kyaw



သရုပ်ဆောင် ငှက်ပျောကြော်ကတော့ အိမ်မှာနေရင်း လူလိမ်ခံလိုက်ရတဲ့ ဖြစ်ကြောင်းကုန်စဉ်ကို အခုလို ပြောပြလာပါတယ်။ အဆိုပါ လူလိမ်အနေနဲ့ သူ့ကိုယ်သူ သရုပ်ဆောင် မျိုးသန္တာထွန်း နဲ့ တူတော်စပ်သူ ဖြစ်ပြီး ငှက်ပျောကြော်နဲ့ တချိန်က အနုပညာအလုပ်တွေ အတူတူ လုပ်ခဲ့ဖူးကြောင်း၊ (၃၅) လမ်းထဲမှာ ကာလတစ်ခုအထိဆုံတွေ့ခဲ့ကြ ဖူးကြောင်းတွေ ပြောရင်း ငွေလိမ်ယူ သွားတယ်လို့ ဆိုပါတယ်။ 

"အိမ်မှာနေရင်းထီပေါက်တာပေါ့လေ။ညနေငါးနာရီခွဲလောက်ဘဲလ်တီးလို့ သစ်သားတံခါးဖွင့်လိုက်တော့ ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်လာရင်းကိစ္စမေးတော့"မင်းသမီးမျိုးသန္တာထွန်း"တူ"ဖိုးငယ်"ပါဦးငှက်တို့နှင့်ကားတွေရိုက်ဖူးပါတယ်။သုံးဆယ့်ငါးလမ်းမှာကာလတစ်ခုအထိတွေခဲ့၊ဆုံခဲ့တာတွေပြောတော့သံတခါးလည်းဖွင့်ပေးလိုက်ရော။ဦးငှက်ကိုသီတင်းကျွတ်လာကန်တော့ပါရစေဆိုပြီးသူ့ကောင်မလေးနှင့်လည်းမိတ်ဆက်ပေးသူ့ကောင်မလေးနာမည်က"မီးမီး"အလုပ်ကတော့ဖက်ရှင်ဆိုင်ဖွင့်ထားတယ်။ကန်တော့မယ်ပစ္စည်းက"ရိုးလက်စ်"နာရီဆိုတာလည်းပြောပြီးခုတော့ပါမလာသေးဘူးပေါ့ဆိုပြီးခြေအစုံကိုကိုင်ကန်တော့လည်းပြီးရောမုန့်ဖိုးတောင်းပါလေရော။အိတ်ထဲရှိသမျှနှစ်သောင်းထုတ်ပေးတော့မှကိုယ်တော်ချောကဘုရား၊တရား၊သံဃာရတနာသုံးပါးဖြစ်အောင်သုံးသောင်းပေးပါလို့ပြောသေးတာကိုယ်လည်းစိတ်နည်းနည်းပေါက်တာနှင့် ဒါပဲရှိတယ် နောက်တစ်ခါပေါ့ဆိုမှနှစ်ယောက်သားပြန်လစ်သွားကြပါတော့တယ်။ဇာတ်သိမ်းတော့အလိမ်ခံလိုက်ရတာပေါ့လေ။ " ဆိုပြီးတော့ နိုဝင်ဘာလ (၁၁) ရက်နေ့ ညနေ (၆) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Nga Pyaw Kyaw

ငှက်ပျောကြော်ကိုယ်တိုင်ကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အကယ်ဒမီ မျိုးသန္တာထွန်းကို ဖုန်းဆက် တော့မှ လူလိမ်တွေမှန်းသိလိုက်ရတာပါတဲ့။ ငှက်ပျောကြော်ဆီက အကြောင်းကိုကြားပြီး မျိုးသန္တာထွန်း ကိုယ်တိုင်ကလည်း အနုပညာမောင်နှမအချင်းချင်းဖြစ်ပေမယ့် အိမ်တိုင်ရာရောက် သွားရောက်လည်ပတ်လေ့မရှိသူဖြစ်တာကြောင့် သူမရဲ့ နာမည်ကို သုံးပြီး လူလိမ်ရောက်လာခဲ့ရင် သတင်းပေးကြဖို့ အခုလို ပြောခဲ့ပါတယ်။ 

" ဒီညနေ ကိုငှက်ပျောကြော် ဖုန်းဆက်ပြီးမေးလာတယ်၊မျိုးသန္တာထွန်းရဲ့တူ ဆိုပြီးကောင်လေးတစ်ယာက် လာကန်တော့တယ်တဲ့။ ကောင်မလေးတယောက်လဲပါတယ် သူနဲ့ လက်ထပ်မယ့် မိန်းကလေး လို့ပြောပြီးမိတ်ဆက်ပါတယ်တဲ့။ စကားတွေ ရေပက်မဝင်ပြောပြီး ကိုငှက်ရဲ့ နာမည်ရင်းကိုလည်း ပြော၊ အရမ်းရင်းနှီးခဲ့ဖူးသလိုတွေ လုပ်ပြီး မုန့်ဖိုးတောင်းသွားပါတယ်တဲ့။ ကိုငှက်က ၂ သောင်းပေးတာကို နည်း လို့ ၃ သောင်းပေးပါလို့တောင်းသေးတယ်တဲ့။ အရမ်းကို အံ့ဩသွားပါတယ်။ ကျွန်မရဲ့ တူတွေ၊ တူမတွေ(ကျွန်မရဲ့သား)ကအစ ဘယ်အနုပညာရှင်အိမ်ကိုမှ သွားလေ့ သွားထမရှိပါဘူးရှင်။ ကျွန်မတို့တောင် အလုပ်ထဲမှာဘဲတွေ့ကြ၊ ဆုံကြတာပါ။ အဲဒီလို နာမည် အလွဲသုံးစားလုပ်ပြီး လိုက်လိမ်နေတာကို တော်တော့်ကို စိတ်ခံပြင်းမိပါတယ်၊ ကျွန်မရဲ့ အနုပညာ မောင်နှမတွေရော၊ မိတ်ဆွေတွေပါ ထပ်ပြီးအလိမ်မခံရအောင် ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်။ ချစ်ရတဲ့ ညီအကိုမောင်နှမတွေ အားလုံးလဲ ဝိုင်းပြီး အဲဒီလူလိမ်လာရင် သတင်းပေးကြပါရှင့်" ဆိုပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ (၆) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

Photo: Myo Myo

ငှက်ပျောကြော်နဲ့ မျိုးသန္တာထွန်းတို့ဟာ ရုပ်ရှင်ဇာတ်ကားတွေလည်း အတူတူ ရိုက်ဖူးခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်နေကြတုန်းပါ။ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာကို မတွေ့ရပေမယ့် အနုပညာလောကနဲ့ သက်ဆိုင်တဲ့ အလုပ်တွေ လုပ်နေကြတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က