မန်စီးတီး နဲ့ ယူနိုက်တက်တို့ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မက်ဆီဟာ မန်စီးတီးနဲ့ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်ခန့် စာချုပ်ချုပ်မယ်လို့ ရော်နယ်ဒိုက ထင်မြင်နေကြောင်းလည်း း ရေးသားခဲ့ပါတယ်။ 


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒို နဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီတို့ဟာ ပရီးမီးယားလိဂ်မြေပေါ်မှာ သူတို့ရဲ့ ယှဉ်ပြိုင်မှုတွေကို ဆက်လက်ဆင်နွှဲဖွယ်ရှိတဲ့ သတင်းတွေ ဒီရက်ပိုင်းမှာ ထွက်ပေါ်လာပါတယ်။ ခိုင်မာတိကျမှုမရှိတဲ့ သတင်းရင်းမြစ်တချို့နဲ့ သတင်းထောက်တချို့ရဲ့ တွစ်တာပေါ်မှာ ဖော်ပြချက်အရ သူတို့နှစ်ဦးကို မန်ချက်စတာမြို့ခံအသင်းတွေမှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ သိရပါတယ်။ 



elgrafico.com နဲ့ Express သတင်းဌာနတို့က ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ မန်စီးတီးက လာမယ့်ရာသီမှာ မက်ဆီကို အရခေါ်ယူနိုင်ဖို့ ကြိုတင်ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး ဂွာဒီယိုလာကိုယ်တိုင် မက်ဆီနဲ့ ပူးပေါင်းဖို့ စိတ်အားထက်သန်နေတာကြောင့် အသင်းတာဝန်ရှိသူတွေက ခေါ်ယူနိုင်ဖို့ အားထုတ်နေကြောင်း ဆိုပါတယ်။ 

ဂျူဗင်တပ်စ်ကလည်း ဘဏ္ဍာရေးပြသနာတွေကြောင့် ရော်နယ်ဒိုကို ရောင်းချဖို့ ကြိုးပမ်းနေရာမှာ ကာယကံရှင်ကိုယ်တို်င်က ၆ နှစ်ကြာကစားခဲ့တဲ့ အိုးထရက်ဖို့ဒ်ကလပ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ဖွယ်ရှိကြောင်း Christian Marin ရဲ့ တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ မန်စီးတီးနဲ့ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်ခန့် စာချုပ်ချုပ်မယ်လို့ ရော်နယ်ဒိုက ထင်မြင်နေကြောင်းလည်း း ရေးသားခဲ့ပါတယ်။ 

ပီအက်စ်ဂျီကလည်း ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်းဟောင်းဘက်ကသာ ကမ်းလှမ်းခဲ့မယ်ဆိုရင် ရော်နယ်ဒိုက လက်ခံနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ ဒီအတွက်ကြောင့် ပရီးမီးယားလိဂ်မြေမှာ သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရမယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။ 

ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒါဘီအသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုအရှိန်အဝါက ပိုမိုကြီးမားလာမှာဖြစ်သလို ကမ္ဘာကျော်ကစားသမားနှစ်ဦးရဲ့ နယ်မြေသစ်ပေါ်က တိုက်ပွဲကလည်း ပရိသတ်တွေကို အကောင်းဆုံးဆွဲဆောင်နိုင်တော့မှာပဲဖြစ်ပါတော့တယ်။ 

Share

Loading Next Article...
က္က