အစိုးရဖွဲ့နိုင်ဖို့ (၃၂၂) အရေအတွက်ထက် ကျော်လွန်သွားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ (၂၂၅) နေရာ၊ အမျိုးသားလွှတ်တော်မှာ (၁၂၁) နေရာ စုစုပေါင်း (၃၄၆) နေရာ ရရှိသွားပြီလို့ နိုဝင်ဘာလ (၁၃) ရက်မနက်ပိုင်းအထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်မှာ (၃၂၂) နေရာအနိုင်ရရှိရင် အစိုးရဖွဲ့နိုင်မှာဖြစ်ပြီး လက်ရှိရရှိထားတဲ့ ရလဒ်တွေအရ အစိုးရဖွဲ့နိုင်တဲ့အရေအတွက်ထက်ကို ကျော်လွန် အနိုင်ရရှိသွားပြီလို့လည်း သိရပါတယ်။



NLD 2020 Election Dashboard မှာ ဖော်ပြထားချက်အရ ပြည်သူ့လွှတ်တော်မှာ (၂၅၈) နေရာ နဲ့ ၈၂.၇ ရာခိုင်နှုန်းအနိုင်ရထားပြီး အမျိုးသားလွှတ်တော်မှာတော့ (၁၃၈) နေရာနဲ့ ၈၆.၈ ရာခိုင်နှုန်း အနိုင်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေအရ ပြည်ခိုင်ဖြိုးပါတီက (၁၉) နေရာ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၃) နေရာ၊ ရခိုင်အမျိုးသားပါတီက (၄) နေရာ၊ မွန်ညီညွှတ်ရေးပါတီက (၂) နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက (၂) နေရာ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီက (၁) နေရာ၊ ၀ အမျိုးသားပါတီက (၁) နေရာ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်က (၁)နေရာ၊ တအောင်းပလောင် အမျိုးသားပါတီက (၁) နဲ့ ရခိုင့်ဦးဆောင်ပါတီက (၁) နေရာ ပြည်သူ့လွှတ်တော်မှာ အနိုင်ရရှိထားတာပါ။

အမျိုးသားလွှတ်တော်မှာတော့ ပြည်ခိုင်ဖြိုးက (၆) နေရာ၊ ရခိုင်အမျိုးသားပါတီက (၄) နေရာ၊ မွန်ညီညွတ်ရေးပါတီက (၃)နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက (၃)နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က (၂) နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက (၂)နေရာနဲ့ ပအိုဝ်းအမျိုးအဖွဲ့ချုပ်ပါတီက (၁) နေရာတို့မှာအနိုင်ရရှိထားပြီးလို့လည်းသိရပါတယ်။

အခုရရှိထားတဲ့ ရလဒ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုဝင်ဘာ (၉) ရက်နေ့ကနေ နိုဝင်ဘာ (၁၃) ရက်နေ့ မနက်ပိုင်းအထိ ထုတ်ပြန်ထားတဲ့ ရလဒ်တွေဖြစ်ပြီး ကော်မရှင်အနေနဲ့ ရလဒ်တွေကို တစ်ပတ်အတွင်း အပြီးသတ် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ကြေညာထားပါတယ်။

Share

က္က