ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရလဒ်အားလုံးကို ထုတ်ပြန်ကြေညာပြီးကြောင်း ထပ်ဆင့်ထုတ်ပြန်အသိပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် နဲ့ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်အားလုံး စုစုပေါင်း ၁,၁၁၇ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၉၂၀) အနိုင်ရရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ချက်အရ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် (၁၁၁၇) နေရာရှိပြီး နိုင်ငံရေးပါတီ / တစ်သီးပုဂ္ဂလ ကိုယ်စားပြု ရွေးကောက်ခံရသူများတွင် NLD ပါတီ (၉၂၀) ၊ USDP ပါတီ (၇၁) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (၄၂) ၊ ရခိုင်အမျိုးသားပါတီ(၁၅) ၊ တအာင်း(ပလောင်)အမျိုးသားပါတီ (၁၂) ၊ မွန်ညီညွတ်ရေးပါတီ(၁၂) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (၁၁) ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(၈) ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ(၄) ၊ ရခိုင့်ဦးဆောင်ပါတီ (၃) ၊ 'ဝ' အမျိုးသားပါတီ (၃) ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(၂) ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(၂) ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (၂) ၊ ဒီမိုကရေစီပါတီသစ်(ကချင်) (၂) ၊ ကယန်းအမျိုးသားပါတီ (၁) ၊ ကရင်ပြည်သူ့ပါတီ (၁) ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(၁) ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(၁) နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လေးဦးဖြစ်တယ်လို့ သိရပါတယ် ။



တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် နိုဝင်ဘာလ (၈)ရက်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၁၅) ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၆၁) ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၆၁၂) ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် တိုင်းရင်းသားမဲဆန္ဒနယ် (၂၉) နေရာ စုစုပေါင်း (၁၁၁၇) အတွက် ကျင်းပခဲ့ပါတယ်။

လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ (၉)ရက်ကနေ ဒီနေ့ နိုဝင်ဘာလ (၁၅)ရက်အထိ တရားဝင် ဝက်ဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာများက တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က