ပိုက်ဆံ (၂၈) သိန်း Surprise လက်ဆောင်ရတယ်။

ဆွေဇင်ထက်ကတော့ ချစ်သူ ဂေဂေးနဲ့ ပရိသတ်တွေ စုပေါင်းပြီး လုပ်ပေးခဲ့တဲ့ Birthday Surprise အစီအစဉ်လေးမှာ မျှော်လင့်မထားတာတွေ လက်ဆောင်ရခဲ့တယ်လို့ဆိုပါတယ်။ 

Photo: Swe Zin Htet



ဒီနေ့ကတော့ အလှမယ်လေး ဆွေဇင်ထက်ရဲ့ အသက်(၂၁) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သူမ အနေနဲ့ ကိုဗစ်ကာလကြီးဖြစ်ပေမယ့် မျှော်လင့်မထားတဲ့ အချိန်မှာ ပရိသတ်တွေရဲ့ Surprise လုပ်တာကို ခံခဲ့ရတယ်လို့ Duwun ကို ပြောခဲ့ပါတယ်။ 

“ မွေးနေ့ကတော့ မနေ့ညက Fan တွေဆီက Surprise အစောကြီးတိုက်တာ ခံလိုက်ရပြီ။ သူတို့တွေဆီက မွေးနေ့လက်ဆောင်အနေနဲ့ Surprise လုပ်တဲ့ အထဲမှာ ပိုက်ဆံ (၂၈) သိန်း ထည့်ပေးထားကြတယ်။ ပြီးတော့ အရုပ်တွေရော၊ မုန့်တွေရောလက်ဆောင်ရတယ်။ အရမ်းလည်းပျော်တယ်၊ ဒီလောက်ငွေအမောက် ရလိမ့်မယ်လို့လည်း မျှော်လင့်မထားဘူး။ ကိုဗစ်ကာလကြီးမှာ ကိုယ့်ကို ချစ်ကြလို့ အခုလို အသိအမှတ်ပြုပေးကြလို့ တန်ဖိုးလည်းထားသလို၊ အားလည်း အားနာတယ်။ မနေ့ကဆို စကားတောင် မပြောနိုင်ဘူး" လို့ ဆိုပါတယ်။ 

Photo: Swe Zin Htet

အဲဒီနောက် သူမရဲ့ မွေးနေ့ အစီအစဉ်လေးကို အစအဆုံး အပင်ပန်းခံခဲ့တာကတော့ ချစ်သူဖြစ်တဲ့ ဂေဂေး ပါပဲလို့ ဆွေဇင်ထက်က ပြောပါတယ်။ မွေးနေ့ အမှတ်တရ အဖြစ် ဂေဂေးကို ပြောချင်တဲ့ သူမရဲ့ ရင်ထဲက စကားကိုလည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ဂေဂေးဆီကတော့ မွေးနေ့လက်ဆောင် မရသေးဘူး။ သူက Surprise လုပ်တတ်တဲ့သူတော့ မဟုတ်ဘူး ကိုယ် လိုချင်တဲ့ ပစ္စည်းကို သူဝယ်ပေးတယ် ဒီလောက်ပဲ။ ဒါပေမယ့် အခု Fan တွေရဲ့ Surprise အစီအစဉ်ကိုတော့ သူကိုယ်တိုင် လိုက်လုပ်ပေးနေတာမျိုးတော့ရှိတယ်။ မနေ့က မွေးနေ့ အစီအစဉ်မှာလည်း အပြင်အဆင်တွေက အစ အကုန် အသေးစိတ် သူ လိုက်လုပ်ပေးနေတာတော့ရှိတယ်။ သူကတော့ တော်တော်ပင်ပန်းသွားမှာပဲ ကျေးဇူးလည်းတင်ပါတယ်။ သူ့ကိုလည်း Superman ရဲ့ ဘေးမှာ တစ်သက်လုံး အနစ်အနာ ခံနိုင်ပါစေလို့ ပြောချင်တယ်" လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Swe Zin Htet

ဆွေဇင်ထက်ကတော့ Miss Universe Myanmar 2019 ဆုကို ရရှိထားတဲ့ အလှမယ် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းက အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ဆွေဇင်ထက်ရဲ့ National Costume ကတော့ ကျွဲတစ်ကောင်ရဲ့ ပုံစံဝတ်ဆင်ထားတဲ့ ဝတ်ရုံကနေ ကောက်စိုက်သမလေး အသွင်ကို ကူးပြောင်းခဲ့တဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုရရှိခဲ့သူဖြစ်ပါတယ်။ သူမရဲ့ ချစ်သူ အဆိုတော် ဂေဂေးကတော့ " မောင့် နောက်လိုက်ခဲ့မယ်" ဆိုတဲ့ သီချင်းကနေ တဆင့် အောင်မြင်လာခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က