ကြာသပတေးနေ့ ဆေးစစ်မှုက နဂတစ်ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

လီဗာပူးလ်တိုက်စစ်ကစားသမားဟာ လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်မှုမပြုလုပ်ခင်မှာ ကိုင်ရိုင်မှာကျင်းပခဲ့တဲ့ အကိုဖြစ်သူရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


ကြာသပတေးနေ့မှာ နောက်ဆုံးပြုလုပ်မယ့် ဆေးစစ်မှုရလဒ်မှာသာ နဂတစ်အဖြေထွက်ခဲ့မယ်ဆိုရင် ဆာလာဟာ လီဗာပူးလ်အသင်းဆီ ပြန်လည်သွားရောက်နိုင်လိမ့်မယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ဆာလာကတော့ အီဂျစ်မှာ သီးသန့်နေထိုင်မှုပြုလုပ်နေရပြီး တိုဂိုနဲ့ကစားရမယ့် အာဖရိကဖလားခြေစစ်ပွဲမတိုင်ခင် ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ တွေ့ရှိခဲ့တာပါ။ 



လီဗာပူးလ်တိုက်စစ်ကစားသမားဟာ လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်မှုမပြုလုပ်ခင်မှာ ကိုင်ရိုင်မှာကျင်းပခဲ့တဲ့ အကိုဖြစ်သူရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် အီဂျစ်ကြယ်ပွင့်ဟာ El-Gouna မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ကွာရန်တင်းဝင်နေပြီး ကြာသပတေးနေ့မှာ ဆေးစစ်မှုပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ 

အီဂျစ်ကျန်းမာရေးဝန်ကြီး Hossam Hosny က လီဗာပူးလ်ကစားသမားအနေနဲ့ နဂတစ်ရလဒ်ထွက်ပေါ်ကာ ကလပ်အသင်းကို ပြန်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ 


"ဆာလာက ဟိုတယ်ကွာရန်တင်းဝင်နေတာဖြစ်ပြီး PCR Test ပြုလုပ်မှုကို ကြာသပတေးနေ့မှာ လုပ်သွားမှာပါ၊ သူ နဂတစ်ရလဒ်ထွက်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်၊ ဘာလို့လဲဆိုတော့ လက်ရှိအချိန်ထိ သူ့မှာကြီးမားတဲ့ရောဂါလက္ခဏာမျိုးမပြသသေးလို့ပါ၊ အခြားအီ၈ျစ်နိုင်ငံသားတွေလိုပဲ ဆာလာကလည်း လက္ခဏာမပြပေမယ့် စစ်ဆေးမှုတွေခံယူရမှာပါ"

"တစ်ဦးတည်းသီးသန့်နေထိုင်မှုနဲ့အတူ ချမှတ်ထားတဲ့ ကျန်းမာရေးစည်းမျဉ်းကို သူ လိုက်နာသွားရပါမယ်၊ ဆာလာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လီဗာပူးလ်နဲ့ ကျွန်တော်တို့ကြားမှာ ဆက်သွယ်မှုတွေရှိနေပြီး နဂတစ်ရလဒ်ထွက်တာနဲ့ သူ အင်္ဂလန်ကို ပြန်ခွင့်ရမှာပါ" လို့ Hossam Hosny က ပြောခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


ဒါပေမယ့်လည်း ဆာလာကတော့ လက်စတာနဲ့ကစားရမယ့် တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က