ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းဖို့ ပြင်ဆင်ထားတာပါ။

ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းလာတာ ဖြစ်ပြီး အနည်းဆုံး ၃နှစ်စာချုပ်ဆိုတော့ ရီးရဲက ပေးလာနိုင်တဲ့ စာချုပ် ထက် သက်တမ်းရော လုပ်ခပါ များနေတာက ရာမို့စ်အတွက် တွေးစရာ ဖြစ်လာမှာပါ။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကတော့ ရီးရဲအသင်းရဲ့ စပိန်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်ကို အခွန်ဆောင်အပြီး တစ်နှစ်လုပ်ခ ပေါင် ၁၈သန်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အသက် ၃၄နှစ်အရွယ် စပိန်သားကြီး ရာမို့စ်အနေနဲ့ ရီးရဲမှာသာ ကစားသမားဘဝ ကုန်ဆုံးမယ်လို့ အများစုက နား လည်ထားပေမယ့် ရာသီအကုန်မှာ စာချုပ်ပြည့်မယ့် လက်ရှိအခြေအနေအရ ရာမို့စ်ရဲ့ အနာဂတ်က မသေချာ ဖြစ်နေပါသေးတယ်။

စပိန်သတင်းဌာန AS ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းက ရာမို့စ်ကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရ တာပါ။

စာချုပ်အရ ရာမို့စ်အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ စတင်ပြီး အခြားသော ကလပ်အသင်း တွေနဲ့ စာချုပ်ကိစ္စတွေ တရားဝင် စတင်ဆောင်ရွက်နိုင်ပြီလည်း ဖြစ်ပါတယ်။

ရီးရဲအနေနဲ့ ပီအက်စ်ဂျီကို တစ်ပန်းရှုံးနေပြီး အကြောင်းကတော့ အသက် ၃၀နှင့်အထက် ကစားသမားတွေကို တစ်နှစ်ထက်ပိုပြီး စာချုပ်သက်တမ်း မတိုးတဲ့ အသင်းရဲ့ မူဝါဒကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ ကလပ်ရဲ့ စည်းမျဥ်းသာ ဖြစ်လို့ သူတို့အနေနဲ့ ကစားသမားကို ဆက်လက်ထိန်းသိမ်လို ပါက မူဝါဒကို ပြောင်းလဲ သတ်မှတ်နိုင်ပါသေးတယ်။

ရာမို့စ်အနေနဲ့ ရီးရဲအသင်းနှင့်အတူ ၁၆ရာသီ ဖြတ်သန်းလာနိုင်ခဲ့ပြီ ဖြစ်ပြီး ဒီလို ကစားသမားမျိုးကိုတော့ ရီးရဲ အနေနဲ့ အနည်းဆုံး ၂နှစ်အာမခံတဲ့ စာချုပ်တစ်ရပ် ကမ်းလှမ်းသင့်ပါတယ်။

ဒါပေမယ့်လည်း ကိုဗစ်ကြောင့် အခြားသော ကလပ်အသင်းတွေနည်းတူ ရီးရဲအသင်းလည်း အနည်းနဲ့အများ ဘဏ္ဍာရေးထိခိုက်မှုတွေ ရှိနေပါတယ်။

ယခုနှစ်မှာတော့ ရာမို့စ်က အသင်းနှင့်အတူ ၁၀ပွဲပါဝင်ထားပြီး စုစုပေါင်း ရီးရဲအတွက် ပွဲပေါင်း ၆၆၀ကျော် ပါဝင် ပေးထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က