သူ့ စိတ်ကူးထဲက အကြောင်းအရာလေးတွေ ပြောပြလာပါတယ်။

နေခြည်ဦးကတော့ ကျောက်မျက်ရတနာကို ရောင်းချရတဲ့ အတွေ့အကြုံထက် အလှအပရေးရာနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ရောင်းချရတာ သူမအတွက် ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ 

Photo: Nay Chi Oo



သရုပ်ဆောင် နေခြည်ဦးကတော့ လက်ရှိမှာ Online Sale အနေနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာ တွေ့ရပါတယ်။ ကျောက်မျက်ရတနာကို ချစ်တဲ့ စိတ်နဲ့ ရောင်းနေတာ ဖြစ်ပေမယ့် တကယ်တမ်း online Sale လုပ်မယ်ဆို မိတ်ကပ် ပစ္စည်းတွေကို ရောင်းရတာ ပိုအားသန်တယ်လို့ ဆိုပါတယ်။ 

“ Online Sale ကလည်း ကိုယ်က ကျောက်မျက်ကို ဝါသနာပါတယ်၊ ချစ်တယ်ဆိုတဲ့ စိတ်နဲ့သာ လုပ်တာပါ၊ တာဝန်ယူရတဲ့ အပိုင်းက အရမ်းကြီးတယ်။ မြန်မာနိုင်ငံက တွင်းထွက် သဘောဝကျောက်တွေက အရမ်းအများကြီးရှိတယ်။ အဲဒါကြောင့် နေခြည်လည်း နေ့ရော၊ ညရော ကျောက်တွေ အကြောင်း လေ့လာဖြစ်တယ်။ ကိုယ်အပိုင်နိုင်ဆုံးကတော့ မိတ်ကပ်တွေပေါ့။ မိတ်ကပ်ပစ္စည်းတွေကို Online Sale လုပ်ချင်တာပေါ့။ Live Sale ဘက်ကြီးကိုပဲ သက်သက် ကွဲမထွက်ချင်ဘူး ကိုယ်တိုင်ရဲ့ အားကလည်း Social Media ပေါ်မှာ Active ဖြစ်တာပဲ ကြိုက်တယ်။ ပြီးတော့ နေခြည်ယုံကြည်တဲ့ ပစ္စည်းတစ်ခုကို ကြိုဆိုပြီးတော့ လုပ်ပေးချင်တယ် Live Sale တစ်ခုအနေနဲ့တော့ ကိုယ့်နာမည်သုံးပြီး Brand တွေ အများကြီးကို မသုံးချင်ဘူး” လို့ နိုဝင်ဘာ(၁၇) ရက်နေ့က မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 


Photo: Nay Chi Oo

နေခြည်ဦးအနေနဲ့ ကျောက်မျက်ရတနာနဲ့ ပတ်သက်ပြီး ထက်ထက်မိုးဦးရဲ့ Live Sale တွေကို ကြည့်ရင်း လေ့လာဖြစ်တယ်လို့လည်း ပြောပါတယ်။ ထက်ထက်မိုးဦးရဲ့ ပြောပုံဆိုပုံ ရှင်းပြပုံတွေကြောင့် ကျောက်မျက်ရတနာ သိန်း(၄၀၀) ဖိုး အားပေးခဲ့မိတယ်လို့ ဆိုပါတယ်။ 

“ မထက် စကားပြောပုံဆိုပုံကလေ လက်ဝတ်ရတနာ တစ်ခါမှ မဝယ်ဖူးတဲ့ ကိုယ်တောင် သိန်း(၄၀၀) ဖိုးဝယ်လိုက်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့နော်။ ကိုယ့်မှာ လက်ဝတ်ရတနာဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒီဇိုင်နာ ပစ္စည်းတွေကိုပဲ နေခြည်က ကြိုက်တတ်တာ။ လက်ဝတ်ရတနာတွေဆို သိပ်မကြိုက်ဘူး။ နေခြည်က မထက်ရဲ့ စန်းနဲ့ မထက်က ပရိသတ်ကို ပြန်ပြီးတော့ ရောင်းချပေးနေတဲ့ အပိုင်းတွေက နေခြည့်ကို အများကြီး ဆွဲဆောင်စေတယ်။ မထက်ရဲ့ ကျေးဇူးကြောင့် ကျောက်မျက်ရတနာတွေကို ပိုပြီးတော့ စိတ်ဝင်စားလာတယ်၊ သူ့ကြောင့်ပဲ ဒီလောကထဲကို ရောက်လာပြီးတော့ သူ့ကြောင့်ပဲ ကျောက်မျက် ချစ်သူ တစ်ယောက်ဖြစ်လာ တာပါ” ဆိုပြီးတော့ နိုဝင်ဘာလ (၁၇) ရက်နေ့ အလှူမှာ ပြောပြခဲ့တာပါ။ 

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က