စီတန်းလှည့်လည်ခြင်းကို လူ ၂၅ ဦးနဲ့လုပ်ဆောင်တာဖြစ်ပေမယ့် ထောက်ခံသူတွေ၊ ဝန်းရံသူတွေ များပြားခဲ့တာကြောင့် လူအင်အား များသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း ၊ နတ်မောက်မြို့နယ်မှာ တရားမျှတသောရွေးကောက်ပွဲဖြစ်ပေါ်ရေးနဲ့အမှန်တရားပေါ်ပေါက်ရေးအတွက်ဆိုပြီး လူ ၁၀၀ ကျော်က  စီတန်းလှည့်လည်တဲ့  ဆန္ဒထုတ်ဖော်မှုကို ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

 ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလမှာ NLD ပါတီရဲ့ စီတန်းလှည့်လည်အောင်နိုင်ရေးလုပ်ဆောင်မှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာတွေကို မဲရုံမှူး၊ ဒုရုံမှူးခန့်အပ်လုပ်ဆောင်စေခြင်း ၊ အမျိုးသားက အောင်နိုင်ရေးလှည့်လည်ပြီး အမျိုးသမီးက မဲရုံမှူးအဖြစ် လုပ်ဆောင်ခြင်းများကို ကြုံတွေ့ခဲ့ရတာကြောင့် ရွေးကောက်ပွဲဟာ  သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမဟုတ်ခဲ့လို့ အခုလို စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့သိရပါတယ်။



အခုလို စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို တရားဝင်စာတင် လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ငြိမ်းစုစီလုပ်တဲ့အချိန်မှာ ဝန်းရံသူတွေ၊ ထောက်ခံသူတွေကြောင့် လူများသွားတယ်။ မြို့သစ် - နတ်မောက်အဝင်မှာ စတင်လမ်းလျှောက်တယ်။ လူ၂၅ ဦးနဲ့။ အဲဒီမှာလည်း ထောက်ခံသူတွေလည်းရှိတယ်။ လမ်းမှာလည်းရှိတယ်။ ထောက်ခံသူတွေက များများလာတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရောက်တော့ လူအင်အားတအားများလာတော့ ကျွန်တော််မလျှောက်ရဲတော့ဘူး။ ဆက်မလျှောက်တော့ဘဲ ပြည်သူတွေ၊ ရဲတပ်ဖွဲ့ကို အားနာလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ထိမသွားတော့ဘဲ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့ကွင်းထဲမှာပဲ ဟောပြောပွဲလုပ်ပြီး အဆုံးသတ်လို်ရတယ်။ အရေးယူဆောင်ရွက်မှုတွေမလုပ်ဘဲ ရွေးကောက်ပွဲကြီးကိုကျင်းပသွားတယ်။အမှန်ဆို ဖြေရှင်းပြီးမှရွေးကောက်ပွဲကိုလုပ်ရမှာဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကြီးက သမာသမတ်ကျရွေးကောက်ပွဲမဟုတ်ဘူးလို့ စွပ်စွဲတာပါ။၂၀၂၀ရွေးကောက်ပွဲမှာဆိုရင် ဥပဒေကိုကျော်လွန်ပြီးလုပ်တဲ့ မဲဆွယ်စည်းရုံးမှုတွေဟာဆိုရင် NLD ပါတီကတရားဥပဒေမဲ့ပြုကျင့်ပြီး လှည့်လည်စည််းရုံးတယ်။အသံချဲ့စက်တွေဖွင့်ပြီးလုပ်ဆောင်တယ်။နောက်တချက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို မဲထည့်ခိုင်းတယ်”လို့ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်သူ ဦးဇော်ဝင်းက ပြောပါတယ်။

ဓာတ်ပုံ - ဇော်မင်းထိုက်

စီတန်းလှည့်လည်ခြင်းကို လူ ၂၅ ဦးနဲ့လုပ်ဆောင်တာဖြစ်ပေမယ့် ထောက်ခံသူတွေ၊ ဝန်းရံသူတွေ များပြားခဲ့တာကြောင့် လူအင်အား များသွားခြင်းဖြစ်ပြီး ထောက်ခံသူ ၊ ဝန်းရံသူတွေများတဲ့အတွက်ကြောင့် နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအထိပင် စီတန်းလှည့်လည်လမ်းလျှောက်မှုမလုပ်ခဲ့ ရဘူးလို့ဆိုပါတယ်။

ဒီကိစ္စနှင့်ပတ်သက်ပြီး နတ်မောက်မြို့နယ်မှ ဒေသခံတစ်ဦးက “ကျွန်တော်ရေကြည့်တော့ လူဦးရေက ၁၀၀ ကျော်တယ်။လူ ၃၀ ထက်မကျော်ရလို့ အမိန့်ထုတ်ပြန်ထားတာလည်းရှိရက်နဲ့ခုလိုအချိန်မှာ မလုပ်သင့်ပါဘူး။အဲ့ဒီစီတန်းလှည့်လည်တဲ့သူထဲမှာ ကိုဗစ်ပိုးရှိသူတစ်ယောက်သာပါခဲ့ရင် ပိုးကိုဖြန့်သလိုဖြစ်သွားမယ်။ ဝန်းရံသူတွေများတယ်ဆိုတာ နတ်မောက်သားစစ်စစ်က ရှင်းရှင်းပြောရရင် လက်တစ်ဖက်ပြည့်အောင်မပါဘူး။ ခုချိန်မှာ လူစုလူဝေးနဲ့မလုပ်သင့်ပါဘူး”လို့ ပြောပါတယ်။

နတ်မောက်မြို့က ဒေသခံအချို့ကလည်း ခုလို လူစုလူဝေးနဲ့ဆန္ဒထုတ်ဖော်မှုကို မလုပ်သင့်ကြောင်း ပြောဆိုဝေဖန်မှုရှိခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်လှည့်လည်ပွဲကို နတ်မောက်မြို့နယ်၊ မြို့သစ် အဝင် ကနေ ဗိုလ်ချုပ်ကျောက်ရုပ်အထိ လမ်းလျှောက်ခဲ့ပြီး ကျောက်ရုပ်အရောက်မှာ လှည့်လည်မှုကိုအဆုံးသတ်ကာ ဟောပြောမှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ ဦးဆောင်သူဦးဇော်ဝင်းက ရွေးကောက်ပွဲအတွေ့အကြုံနဲ့ အုပ်ချုပ်မှု အုပ်ချုပ်ရေးအတွေ့အကြုံ ကို ရှင်းလင်းဟောပြောခဲ့တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

က္က