တက်သလို ဖြစ်လာလို့ ပင်လုံမှာလာပြလိုက်တာပါ။

မနက်(၃)နာရီ လောက်မှာ ရုတ်တရက် တက်သလို ဖြစ်သွားတာကြောင့် မိသားစုမှာ စိုးရိမ်ပြီး ပင်လုံဆေးရုံသို့ အပြေးပို့ခဲ့ရတာဖြစ်ပါတယ်။အခုတော့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်နေပြီလို့ ဇနီးဖြစ်သူက Duwun ကို ပြောပါတယ်။

Photo : ဗေလုဝ

သရုပ်ဆောင် ဗေလုဝက နိုဝင်ဘာ(၁၇) ရက်နေ့ မနက်ပိုင်းလောက်က ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ဆိုသလို ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ မနက်(၃)နာရီ လောက်မှာ ရုတ်တရက် တတ်သလို ဖြစ်သွားတာကြောင့် မိသားစုမှာ စိုးရိမ်ပြီး ပင်လုံဆေးရုံသို့ အပြေးပို့ခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါပြီလို့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က Duwun ကို ပြောပါတယ်။

“မနေ့ကမနက် ၃နာရီလောက်က တက်မလို ဖြစ်လာလို့ စိုးရိမ်ပြီး ဆေးရုံလာပြလိုက်တာ။ အခုတော့ ကောင်းနေပါပြီ။အခုကတော့ ဆေးရုံမှာပါပဲ။၂မိနစ် ၃မိနစ်လောက် တက်သွားတော့ စိုးရိမ်သွားတာ အခုဆရာဝန်တွေကလည်း ဦးနှောက်ကို ပြန်ပြီး CPU ပြန်ရိုက်မယ်ပေ့ါ။ ကျန်းမာရေးက ကောင်းတယ်။ စိုးရိမ်စရာ မရှိပါဘူး။ အန်တီတို့လည်းလန့်ပြီးဆေးရုံတစ်ခါတည်း ပြေးလာလိုက်တာ အခုကျန်းမာရေး ကောင်းနေပါပြီ” လို့ သူမက ဆိုပါတယ်။


ရုတ်တရက် ဆေးရုံပြန်တက်နေရတဲ့ ဦးဗေလုဝရဲ့ သတင်းကြောင့် ပရိသတ်တွေလည်း စိုးရိမ်လို့နေကြသလို အနုပညာအသိုင်းအဝိုင်းက သတင်းကြားတဲ့သူတွေကလည်း စိုးရိမ်လို့နေကြပါတယ်။ ဒါပေမယ့်လည်း ဇနီးဖြစ်သူက ဦးဗေအတွက် မစိုးရိမ်ကြဖို့ကိုလည်း Duwun ကနေ တဆင့် ပြောခဲ့ပါသေးတယ်။

“မစိုးရိမ်ကြပါနဲ့ လို့ အစားတွေ ပြန်စားပြီ။နဂိုအတိုင်း ကျန်းမာရေးကောင်းနေပါပြီ။ ဆေးရုံဆင်းဖို့က ဒီနေ့ ခေါင်းကို တစ်ချက် ပြန်ပြီး စစ်ကြည့်မယ်ပေ့ါ။ ပြီးတာနဲ့အဖြေသိရရင် မနက်ဖြန်လောက်ဆိုရင် ဆင်းရပါပြီ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ကျန်းမာရေးအခြေအနေ တဖြေးဖြေးနဲ့ ပြန်လည်တိုးတက်လာခဲ့ပြီး အခုဆိုရင် စကား ပြောနိုင်၊လမ်းလျှောက်နိုင်တဲ့အခြေအနေရောက်နေပြီလည်း ဖြစ်ပါတယ်။



Photo : ဗေလုဝ

"ဘီလူး" ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ သူဟာ "ဤအရာကို အချစ်လို့ခေါ်သလား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က