သူမရဲ့မွေးနေ့မှာ ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာမှာ ရှိတဲ့ ကလေးလေးတွေအတွက် အလှူငွေ (၃)သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။
Photo ; ထွန်းရတီ
ဒီနေ့(နိုဝင်ဘာ၁၈ရက်)လေးက အဆိုတော် ထွန်းရတီရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့မှာ ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်ရှိခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာမှာ ရှိတဲ့ ကလေးလေးတွေအတွက် အလှူငွေ (၃)သိန်းကျပ် လှူဒါန်းခဲ့တာတွေ့ ရပါတယ်။
“ချစ်စရာကောင်းတဲ့ သမီးကို မွေးထုတ်ပေးတဲ့မေမေကိုရှိခိုးကန်တော့ပါတယ်။မွေးနေ့ မှာ ရတီ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ ငွေသား ၃ သိန်း လှူဒါန်းခဲ့ပါတယ်။ရတီချစ်တဲ့ပရိတ်သတ်ကြီးလည်း ကုသိုလ်ထပ်တူရကြပါစေလို့ဆုတောင်းပေးပါတယ်ရှင် ။မွေးနေ့ဆုတောင်းပေးတဲ့ အချစ်ဆုံးနဲ့ ပရိတ်သတ်ကြီးနဲ့ ချစ်တဲ့သူငယ်ချင်းများ ချစ်တဲ့မိသားစုများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo ; ထွန်းရတီ
ထွန်းရတီကတော့လက်ရှိကိုဗစ်ကာလမှာ သီချင်းအသစ်တွေ ဖန်တီးနေသလို ကွယ်လွန်သူ အဆိုတော် မီးမီးခဲ အမှတ်တရ သီချင်းအတွက် မီးနိုရဲ့ Music Video မှာ ပါဝင်ပေးဖြစ်တာလည်းတွေ့ရပါတယ်။ အဆိုတော် ထွန်းရတီဟာ ၂၀၁၃ ခုနှစ်က စလို့ “အချစ်များစွာယူ” ဆိုတဲ့ တေးစီးရီးနဲ့ ဂီတလောကကို ဝင်ရောက်ခဲ့သူဖြစ်ပြီး အဲဒီတေးစီးရီးနဲ့ပဲ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် တေးသီချင်းခွေများစွာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ကောင်မလေး တစ်ဦးလည်း ဖြစ်ပါတယ်။