လိုအပ်တဲ့ပစ္စည်းများ အလုအယက် ဝယ်ယူစုဆောင်းမှု နောက်တစ်ကြိမ် ပြန်ဖြစ်လာခဲ့ရာ ပစ္စည်းပြတ်လပ်မှု ကြုံနေပါတယ်။

အမေရိကန်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုများ တစ်ဟုန်ထိုး မြင့်တက်လာမှုနဲ့အတူ ပြည်သူလူထုက လိုအပ်တဲ့ပစ္စည်းများ အလုအယက် ဝယ်ယူစုဆောင်းမှု နောက်တစ်ကြိမ် ပြန်ဖြစ်လာခဲ့ရာ ပစ္စည်းပြတ်လပ်မှုနဲ့ လက်လီအရောင်းဆိုင်တွေမှာ အရေအတွက် ကန့်သတ်ရောင်းချမှုတွေ သတ်မှတ်လာရပါတယ်။

(Photo: AP)

Walmart က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားမှုအရ အချို့ဆိုင်တွေမှာ သန့်ရှင်ရေးပစ္စည်းများ ဝယ်လိုအားမြင့်တက်လာမှု ပြဿနာကြုံရတယ်လို့ ဆိုပါတယ်။ စူပါမတ်ကက်တွေဖြစ်တဲ့ Kroger နဲ့ Publix တို့ကလည်း အိမ်သာသုံးစက္ကူနဲ့ စက္ကူလိပ်တွေကို လတ်တလော ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဈေးဝယ်သူတွေကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း သိရပါတယ်။



Amzaon စတိုးမှာတော့ ပိုးသတ်အဝတ်နဲ့ အိမ်သာသုံးစက္ကူလိပ် အများစု ရောင်းကုန်သွားခဲ့ပြီလို့ ဆိုပါတယ်။ အမေရိကန်စတိုးဆိုင်တွေမှာ ပစ္စည်းဝယ်လိုအား မြင့်တက်နေမှုဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ပထမဆုံးအကြိမ် ကူးစက်မှုလှိုင်းကြုံခဲ့ရစဥ်က အခြေအနေမျိုး ဖြစ်ပါတယ်။ သို့သော် Consumer Brands Association ရဲ့ ဥက္ကဌနဲ့ စီအီးအိုဖြစ်သူ Geoff Freeman ကတော့ အရောင်းဆိုင်တွေမှာ ပစ္စည်းပြတ်လပ်မှုအခြေအနေ ဆိုးမလာနိုင်ဘူးလို့ ခန့်မှန်းကြောင်း ပြောပါတယ်။

(Photo: AP)

လတ်တလော အမေရိကန်စတိုးဆိုင်တွေမှာ ဝယ်လိုအားအမြင့်ဆုံးဟာ အိမ်သာသုံးစက္ကူနဲ့ စက္ကူလိပ်များဖြစ်ပြီး ၂၁ ရာခိုင်နှုန်း ရောင်းကုန်သွားခဲ့ကြောင်း သိရပါတယ်။ ယခု ဝယ်လိုအားဟာ အနည်းဆုံး တစ်လအတွင်း အမြင့်ဆုံးဖြစ်ကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ IRI က ဆိုပါတယ်။

စတိုးဆိုင်တွေမှာ သန့်ရှင်ရေးသုံးပစ္စည်းပမာဏ ၁၆ ရာခိုင်နှုန်း ရောင်းကုန်သွားခဲ့ပါတယ်။ COVID-19 မတိုင်ခင်မှာတော့ စတိုးဆိုင်တွေမှာ ကုန်ပစ္စည်းတွေဟာ ပုံမှန်အားဖြင့် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း ရောင်းကုန်လေ့ရှိကြောင်း IRI က ပြောပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ယခုအခါ ကူးစက်ခံရသူ ၁၁.၄ သန်းကျော်နဲ့ သေဆုံးသူ ၂၅၀,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Share

က္က