နောက်တစ်ကြိမ် ဆေးစစ်မှုမှာလည်း ပေါ့စတစ်သာဖြစ်နေခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ ဘရာဇီးလ်နဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အဆိုပါပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဥရုဂွေးနဲ့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဆွာရက်ဇ်ရဲ့ နောက်ထပ်ဆေးစစ််မှုမှာလည်း ပေါ့စတစ်ရလဒ်သာ ထွက်ပေါ်ခဲ့တယ်လို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဆွာရက်ဇ်ဟာ ဘာစီလိုနာနဲ့ ကစားရမယ့် ဒီတစ်ပတ်လာလီဂါပွဲစဉ်ကို သေချာပေါက်လွဲချော်ခဲ့ပြီဖြစ်ပါတယ်။



ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ ဘရာဇီးလ်နဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အဆိုပါပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ အခုအခါ နောက်တစ်ကြိမ်ဆေးစစ််မှုပြုလုပ်ခဲ့ရာမှာ ပျောက်ကင်းခြင်းမရှိတာကြောင့် ဥရုဂွေးမှာဆက်လက်နေထိုင်ကာ ပျောက်ကင်းဖို့ အားထုတ်ရတော့မှာ ဖြစ်ပါတယ်။

အသင်းဟောင်းနဲ့ပွဲကို ပါဝင်ကစားပြီး ဂိုးသွင်းဖို့အတွက်ပါ ပစ်မှတ်ထားနေတဲ့ ဆွာရက်ဇ်အတွက်တော့ စိတ်ပျက်စရာရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ ကိုလံဘီယာနဲ့ပွဲကို ပါဝင်ကစားခဲ့ပြီး တစ်ဂိုးသွင်းယူပေးခဲ့ကာ အသင်းနိုင်ပွဲရခဲ့ပေမယ့် ဘရာဇီးလ်ကိုတော့ ဥရုဂွေးက အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ကာ သူ ပါဝင်နိုင်ခြင်းမရှိတာက အသင်းအတွက် အကျိုးသက်ရောက်မှုအားကြီးမားနေခဲ့ပါတယ်။ 

အက်သလက်တီကိုအနေနဲ့ ဆွာရက်ဇ်အပြင် ကွင်းလယ်လူတော်ရဲရားကလည်း ဗိုင်းရပ်စ်ကူးစက်ခံရလို့ လက်လွှတ်ရဦးမှာဖြစ်ပါတယ်။ ဥရုဂွေးအသင်းဖော်နှစ်ဦးဟာ ကံတူအကျိုးပေးဖြစ်နေခဲ့ပြီး အက်သလက်တီကိုနည်းပြဆီမြွန်နီအတွက်တော့ ဘာစီလိုနာပွဲလူစာရင်းက ခေါင်းကိုက်စရာဖြစ်လာခဲ့ရပြီး တိုက်စစ်ပိုင်းအတွက် ပိုမိုစိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။

ဆွာရက်ဇ်က အေတီကိုအတွက် ဒီရာသီလာလီဂါမှာ ငါးဂိုးအထိသွင်းယူပေးထားပြီး အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဒီယေဂိုကော်စတာနဲ့ ယာအိုဖီးလစ်တို့က ထင်သလောက်အားကိုးရခြင်းမရှိတာကြောင့် ဆွာရက်ဇ်မကစားနိုင်ဘူးဆိုရင် တိုက်စစ်ပိုင်းအားနည်းသွားမှာ သေချာနေပြီး ဘာစီလိုနာကို ခက်ခက်ခဲခဲရင်ဆိုင်သွားရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က