နိုဝင်ဘာလ (၂၁) ရက်နေ့ သွားလှူမယ်လို့ဆိုပါတယ်။

ထူးအယ်လင်းဟာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတဲ့ ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမား မိသားစုဝင် (၉၀၀)ကျော်ကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေပါပြီ။

Photo: Htoo El Lynn



ထူးအယ်လင်းကတော့ ကိုဗစ်ကာလမှာ စားနပ်ရိက္ခာချို့တဲ့မှု ကြုံနေရတဲ့ ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမား မိသားစုဝင် (၉၀၀) ကျော်အတွက် စားနပ်ရိက္ခာ သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေပါပြီ။ ဒီအလှူအတွက် သူကိုယ်တိုင်က ငွေကျပ်(၅) သိန်းမတည်လှူဒါန်းမယ်လို့ ပြောပါတယ်။ 

" ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားမိသားစု ချို့တဲ့အိမ်ထောင် ၉၀၀ ကျော်ရှိပါတယ်။အထမ်းသမားတစ်အိမ်ထောင်ကို ဆန် ၆ ပြည်၊ ကြာဆံ တစ်ထုပ်၊ ကုလားပဲဝါ ငါးဆယ်သားတစ်ထုပ်၊ ခုနှစ်ရက်တစ်ပတ်စာ စားနိုင်တဲ့ ငပိကြော်ထုပ် တစ်ထုပ် အစရှိတဲ့ ရိက္ခာများကို ကျိုက်ထီးရိုးတောင်ပေါ်ရှိ မှီတင်းအထမ်းသမားအိမ်ထောင် ၉၀၀ ကျော်ကို သွားရောက် ဝေမျှကူညီပံ့ပိုးပါမယ်ဗျ။ သွားရောက်ကူညီရာမှာ တောင်ခြေမှ ထိုသူတို့အိမ်ထောင်စုကို စာရင်းကောက်၍ ခေါ်ယူဝေမျှမှာဖြစ်ပါတယ်။ ကျွန်တော်မှ စတင် ငါးသိန်း(၅၀၀,၀၀၀)မတည်ပါမယ်ခင်ဗျ" ဆိုပြီးတော့နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Htoo El Lynn

ထူးအယ်လင်းအနေနဲ့ သူ့ကိုချစ်တဲ့ ပရိသတ်တွေကိုလည်း ကုသိုလ်ရစေချင်လို့ အခုလို အသိပေးခဲ့တာလို့ ဆိုပါတယ်။ ဒီအလှူကိုတော့ နိုဝင်ဘာလ (၂၁) ရက်နေ့မှာ သွားရောက် လှူဒါန်းမယ်လို့ ထူးအယ်လင်းက ဆက်လက် ရေးသားခဲ့ပါသေးတယ်။ သူ့ရဲ့ ဒီအလှူအတွက် ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့တာကို တွေ့ရပါတယ်။ 

 

Photo: Htoo El Lynn

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က