လက်ရှိမှာတော့ အင်္ဂလန် ယူ-၂၁အသင်းမှာ ပါဝင်ကစားနေပါတယ်။

မွေးဖွားရာနှင့် မိခင်ဖြစ်သူရဲ့ ဂျာမနီနိုင်ငံ၊နေထိုင်ရာ အင်္ဂလန်နိုင်ငံနဲ့ ဖခင်ဖြစ်သူရဲ့ နိုင်ဂျီးရီးယားနိုင်ငံ စတဲ့ နိုင်ငံ တွေထဲကမှ မိမိစိတ်ကြိုက် ကိုယ်စားပြု ကစားချင်တဲ့ နိုင်ငံကို ရွေးချယ်ခွင့်ရှိနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက် ၁၇နှစ်အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင် တိုက်စစ်မှူးလေး ဂျာမယ်မူစီအာလာကတော့ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ မွေးဖွားခဲ့သူပါ။



သူ့ကိုတော့ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ မွေးဖွားခဲ့ပြီး အသက် ၇နှစ်အရွယ်မှ အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ် ပါတယ်။

ငယ်စဥ်က ဘောလုံးကို ချဲလ်ဆီးအကယ်ဒမီမှာ တက်ရောက်ခဲ့ပေမယ့် ၂၀၁၉ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ် အသင်းထံ ရောက်ရှိသွားပြီး သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ပြိုင်ပွဲကိုတော့ ဘိုင်ယန်မြူးနစ်(ခ)အသင်းနဲ့ စတင်ခဲ့ပါတယ်။

အဲ့နောက် ၂၀၂၀ခုနှစ် ဇွန်လ ၂၀ရက်နေ့မှာတော့ ဘိုင်ယန်မြူးနစ် စီနီယာ အသင်းကြီးအတွက် ပထမဆုံး ပါဝင် နိုင်ခဲ့ပြီး အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်တုန်းကတော့ ဂျာမနီ အသက် ၁၆နှစ်အောက်အသင်းမှာ ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ အင်္ဂလန် ယူ-၂၁အသင်းမှာ မူစီအာလာကို ပြန်လည်မြင်တွေ့လိုက်ရပါတယ်။

ဂျာမယ်ဟာ ဂျာမနီမှာမွေးပြီး အင်္ဂလန်နိုင်ငံသားဖြစ်ပေမယ့် နိုင်ဂျီးရီးယားဖခင်နဲ့ဂျာမနီ မိခင်တို့မှ မွေးဖွားဆင်း သက်လာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

လူငယ်အဆင့်မှာတော့ မွေးဖွားရာနိုင်ငံဖြစ်တဲ့ ဂျာမနီရော နေထိုင်ရာနိုင်ငံဖြစ်တဲ့ အင်္ဂလန်ကိုပါ ကိုယ်စားပြုခွင့်ရှိ ထားပေမယ့် စီနီယာ လက်ရွေးစင်အဆင့်မှာတော့ တစ်သင်းတည်းကိုသာ ရွေးချယ်ခွင့်ရှိနေပါတယ်။

ဒါ့အပြင် တစ်ကြိမ်မျှ ကစားထားဖူးခြင်း မရှိသေးတဲ့ ဖခင်ဖြစ်သူရဲ့ နိုင်ဂျီးရီးယားနိုင်ငံအတွက်လည်း ကိုယ်စားပြု ခွင့် ရှိထားပြန်ပါတယ်။

ဂျာမယ်အနေနဲ့ လက်ရှိမှာ အချိန်ရှိသေးတယ်ဆိုပေမယ့်လည်း အင်္ဂလန်ယူ-၂၁အသင်းဖော်ြဖစ်တဲ့ အိုဒွိုင်းက - “ သူ့အစား ကျွန်တော် မရွေးချယ်ပေးနိုင်ပေမယ့် အင်္ဂလန်မှာရှိနေရင်တော့ တကယ့်ကို နှစ်လိုဖွယ်ကောင်းမှာပါ။စီနီ ယာအသင်းမှာ မြန်မြန်ပူးပေါင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်၊”လို့ ဆိုထားပါသေးတယ်။

ရွေးချယ်မှုကိုတော့ ဂျာမယ်ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပြီး လက်ရှိ သူကစားနေတဲ့ ကွင်းလယ်တိုက်စစ် နေရာနဲ့ ဘယ်နိုင်ငံအသင်းမှာ အံပိုဝင်နိုင်မလဲ၊ခြေစွမ်းပိုပြခွင့်ရနိုင်မလဲ ဆိုတာကိုတော့ ဆုံးဖြတ်ရမှာဖြစ်သလို လိုချင်တဲ့ နိုင်ငံအသင်းနည်းပြတွေကလည်း သူ့အတွက် ကစားကွက် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်။

ဒီအခြေအနေတွေ ထပ်တူကျတဲ့အသင်းတစ်သင်းကတော့ ဂျာမယ်ကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပေမယ့် လက်ရှိမှာ တော့ အင်္ဂလန် ယူ-၂၁အသင်းနှင့်အတူ သူ့ရဲ့ လူငယ်ဘဝ လက်ရွေးစင်ပွဲတွေကို ဂျာမယ်တစ်ယောက် ဖြတ်သန်း နေပါတယ်။

Share

Loading Next Article...
က္က