သူတို့အတွက် ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေအခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ကတော့ ၂၀၂၁ ခုနှစ်မှာ Solo Concert လုပ်ဖို့ ကြိုးစားနေပြီလို့ဆိုပါတယ်။ 

Photo: Project K



Project K အဖွဲ့ကတော့ ၂၀၂၁ မှာ ပြုလုပ်သွားမယ့် အနုပညာလှုပ်ရှားမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ သိရပါတယ်။ ဒါကတော့ Solo Concert လုပ်ဖို့ ကြိုးစားနေပြီလို့ ထက်ဘုန်းနိုင်က Duwun ကို ပြောပါတယ်။ 

“ အခုချိန်မှာ ကျွန်တော်တို့ရဲ့ Project K ရဲ့ Plan ကတော့ ကိုရီးယားမှာ ကျွန်တော်တို့ သင်ယူခဲ့ရတဲ့ ဟာတွေကို ပြန်ပြီးတော့ Sharing လုပ်တဲ့ Program လေး အတွက် စီစဉ်နေကြတယ်။ ပြီးတော့ ၂၀၂၁ ထဲမှာ Project K အဖွဲ့ အနေနဲ့ Solo Boy Band Concert လုပ်နိုင်ဖို့ ကြိုးစားနေပါပြီ”လို့ ဆိုပါတယ်။ ဒီ ဖျော်ဖြေပွဲကို အကောင်အထည်ဖော်ဖြစ်ရင်တော့ ဒီပွဲဟာ Project K အဖွဲ့သားတွေအတွက် ပထမဆုံး Concert ပွဲ တစ်ခုဖြစ်ပါတယ်။ 

Photo: Project K

လက်ရှိမှာတော့ တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 ဖျော်ဖြေပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အနုပညာအကြောင်းအရာတွေကိုလည်း ပရိသတ် သိအောင် မျှဝေပေးဖို့ စီစဉ်ထားတယ်လို့လည်း ထက်ဘုန်းနိုင်က ပြောပါတယ်။ 

“ အခုလောလောဆယ်က Sharing Program လေးကို အရင်လုပ်ချင်တာပါ။ ဘာကို အဓိက ထားမလဲဆိုတော့ ကိုရီးယားမှာ Covid နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ လုပ်ဆောင်နေကြတယ်၊ ဘယ်လို စည်းကမ်းတွေ လိုက်နာကြတယ်ဆိုတာကို ပြချင်တာပါ။ ပြီးတော့ ကိုရီးယားမှာ Training တွေ ဘယ်လို လုပ်ကြတယ်ဆိုတာကို မကြာခင်မှာ Project K Page ကနေ တင်ပေးသွားဖို့ရည်ရွယ်ထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။  

Photo: Project K

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က