မူလက နိုဝင်ဘာလ ၁၈ရက်အထိလက်ခံပြီး ၂၀ရက်နေ့မှာ အပြီးသတ်စိစစ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်ထားတာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်မှာ အစိုးရကပေးအပ်တဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေလေးသောင်းကို လျှောက်ထားသူမယ့်သူတွေကျန်ရှိနေသေးတဲ့အတွက် နိုဝင်ဘာလ (၂၅)ရက်အထိ လက်ခံဆောင်ရွက်မယ်လို့ လှိုင်သာယာ(အရှေ့ပိုင်း) ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မူလက နိုဝင်ဘာလ ၁၈ရက်အထိ လျှောက်ထားမှုတွေကို လက်ခံပြီး နိုဝင်ဘာလ ၂၀ရက်မှာ အပြီးသတ်စစ်ဆေးဖို့ ဆောင်ရွက်ထားပေမယ့် အခုထိလျှောက်ထားသူတွေရှိနေဆဲဖြစ်လို့ ရက်ထပ်မံတိုးမြှင့်လိုက်ရတယ်လို့ သိရပါတယ်။



" ၂၀ရက်နေ့မှာ မှတ်ချက်ပြန်တင်ဖို့က မရသေးဘူး ။ သူတို့မစုံကြသေးလို့ မတင်ရသေးဘူး။ ကျန်တဲ့သူတွေ ကျန်နေသေးလို့ အကုန်လုံးမတင်နိုင်သေးဘူးပြောတယ်။ရပ်ကွက်ထဲက ထပ်ပြီးလျှောက်ထားတဲ့သူတွေ ရှိနေသေးလို့ ကျွန်တော်တို့က စောင့်ပေးနေတာ။၂၅ရက်နေ့လောက်အထိတော့ စောင့်ပေးမယ် ။ ဘယ်လောက်တင်လဲကလည်း သူတို့က တင်နေတုန်းဆိုတော့ စာရင်းတွေက မလာသေးဘူး " လို့ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကိုပြောပါတယ်။

နိုင်ငံတော်က Stay ay Home အတွင်း နဲ့ ပြင်ပက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို စတုတ္ထအကြိမ်ထောက်ပံ့ခြင်းအတွက် နိုဝင်ဘာလ ၁၀ရက်က စတင်ပြီး ငွေကျပ်လေးသောင်း ထောက်ပံ့ရာမှာ မရရှိတဲ့အတွက် လူစုလူဝေးနဲ့တောင်းဆိုမှု ၊ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့မြို့နယ်တွေမှာ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်က ရပ်ကွက်အချို့လည်း ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် မရရှိတဲ့အိမ်ထောင်စုတွေအနေနဲ့ ရပ်ကွက်အလိုက်ပြန်လည်လျှောက်ထားဖို့ကို နိုဝင်ဘာလ ၁၆ရက်ကစတင်ပြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဆောင်ရွက်ခဲ့ကြကာ တင်ပြလာတဲ့ လျှောက်လွှာတွေကို စိစစ်ဖို့ ရပ်ကွက်အလိုက် ငါးဦးကော်မတီကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

Share

က္က