တကယ်ဆိုရင် ဒီပွဲက ဂိုးတွေအပြန်အလှန်သွင်းပြီး သွင်းဂိုးအများကြီးကို မြင်ခဲ့ရမယ့် ပွဲပါ။ ဒါပေမယ့် နှစ်ဖက်အသင်းကစားသမားတွေ အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့မှုနဲ့ ဂိုးသမားတွေလက်စွမ်းပြကာကွယ်မှုတချို့ကြောင့် မြင်သင့်သလောက်မမြင်တွေ့ခဲ့ရတဲ့ပွဲဖြစ်ပြီး လမ်းပတ်အတွက်ကတော့ လမ်းကြောင်းမှန်ပေါ် ပိိုပိုရောက်လာပြီဆိုတာကို ပြသနိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ တီမိုဝါနာ ခြေစွမ်းပြခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့တာကလွဲရင် အပြစ်ပြောစရာဘာမှမရှိခဲ့ပါဘူး။ နယူးကာဆယ်ကတော့ ခံစစ်ကစားသမားတစ်ဦးချင်းစီရဲ့ အမှားတွေကနေ ဂိုးတွေပေးခဲ့ရပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။ ချယ်လ်ဆီးက ပေးဂိုးမရှိနိုင်ပွဲတွေကို ဆက်တိုက်ယူပြနေပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို ပုံမှန်လေးချီတက်လာနေပါပြီ။
ချီဝဲလ်ရဲ့ ထောင့်ကန်ဘောကနေ နယူးကာဆယ်ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို့ ချယ်လ်ဆီးအဖွင့်ဂိုးရခဲ့ပြီး ဒုတိယပိုင်းမှာ ၀ါနာရဲ့ ဆွဲပြေးကျော်ဖြတ်မှုကနေ အေဘရာဟမ်က ဒုတိယမြောက်ဂိုးရယူပေးခဲ့ပါတယ်။ နယူးကာဆယ်က ချေပဂိုးတွေပြန်ရနိုင်တဲ့ အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရသလို လောင်းစတက်ဖ်ရဲ့ အပြင်းကန်သွင်းချက် တို်င်ထိထွက်ခဲ့တာကလည်း တော်တော်လေးကံဆိုးခဲ့ပါတယ်။