ဝမ်းသာစရာ သတင်းပါပဲ။

မြန်မာဒါရိုက်တာ နှစ်ဦး ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကားကတော့ လာအိုနိူင်ငံမှာ ကျင်းပတဲ့ Luang Prabang Film Festival မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံရပါတယ်။

Photo : ထူးပိုင်ဇော်ဦး

ဒါရိုက်တာ ဏကြီးနဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ ဖန်တီးထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားနဲ့ “မီ” ရုပ်ရှင်ဇာတ်ကား နှစ်ကားကတော့ လာအိုနိူင်ငံမှာ ကျင်းပတဲ့ Luang Prabang Film Festival မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံရပါတယ်။ ဒီရုပ်ရှင်ပွဲတော်မှာ အရှေ့တောင်အာရှနိုင်ငံများက ရုပ်ရှင်ဇာတ်ကား ၂၄ ကားပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံက အထက်ပါ ဇာတ်ကားနှစ်ကား ပါဝင်ပြသခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

“ပျော်စရာ သတင်းကောင်းတစ်ခု ဝေမျှချင်ပါတယ်။ကျွန်တော် ရိုက်ကူးတဲ့ "သူစိမ်းအိမ်" ရုပ်ရှင်ဇာတ်ကား နဲ့ ကိုဏကြီး ရိုက်ကူးတဲ့ "မီ" ရုပ်ရှင်ဇာတ်ကား တို့ဟာ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် လွမ်ပရာဗန်ရုပ်ရှင်ပွဲတော် Luang Prabang Film Festival မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံရပါတယ်။ ရုပ်ရှင်ပွဲတော်မှာ အရှေ့တောင်အာရှနိုင်ငံ များမှ ရုပ်ရှင်ဇာတ်ကား ၂၄ ကား ပါဝင်မှာဖြစ်ပါတယ်” ဆိုပြီး “သူစိမ်းအိမ်”ဇာတ်ကားကို ပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၁) ရက်နေ့ညက သတင်းကောင်းပါးထားတာပါ။

Photo : ထူးပိုင်ဇော်ဦး

“မီ”ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ ဏကြီးကလည်း ဒါရိုက်တာထူးပိုင်ဇော်ဦး တင်ထားတဲ့ပို့စ်အောက်မှာ ဒီသတင်းစကားအတွက် ကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ပြုစကားပြောထားပါသေးတယ်။

Luang Prabang Film Festival ပွဲတော်ဟာ လာအိုနိုင်ငံမှာ နှစ်စဥ် ဒီဇင်ဘာလတိုင်းမှာ တစ်ပတ်ကြာ ကျင်းပပြုလုပ်လေ့ရှိတဲ့ ရုပ်ရှင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် online Film Festival အနေနဲ့သာ ကျင်းပသွားမှာဖြစ်ပြီး  ဒီဇင်ဘာလ ၄ ရက် မှ ၁၀ ရက် နေ့ အတွင်း ရွေးချယ်သွားမယ့် ရုပ်ရှင်ပွဲတော်ဝင် ဇာတ်ကားများကို online ကနေ ထုတ်လွှင့် ပြသသွားမှာဖြစ်ပါတယ်။

Photo : ထူးပိုင်ဇော်ဦး

ဒီနှစ်အတွင်းမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “ သူစိမ်းအိမ်” ဇာတ်ကားဟာဆိုရင်  Asian Academy Creative Awards‌ ဆုပေးပွဲကြီးမှာ ဆန်ခါတင်စာရင်းအနေနဲ့ ဆုသုံးဆု ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဆုတွေက သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားအတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု Best Fiction ၊ အကောင်းဆုံး ဒါရိုက်တာ Best Director ဆု နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role အဖြစ်မြန်မာနိုင်ငံ ပါဝင်ထားတာပါ။

Photo : မီ

ဒါရိုက်တာ ဏကြီး ပုံဖော်ထားတဲ့ “မီ”ဇာတ်ကားဟာ ၂၀၁၉ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ‘’ 2019 ASEAN Film Week" မှာ ပထမဆုံးအကြိမ် ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Film Festival 2019 ပွဲမှာလည်း ဝင်ရောက်ပြသခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက Best Director Of Photography ဆုကို ရရှိခဲ့ပါတယ်။ ထို့နောက်  United Kingdom မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော် နဲ့ စပိန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော် နှစ်ခုမှာ ဝင်ရောက်ပြသဖို့အတွက် ရွေးချယ်ခံခဲ့ရသလို Spain နိုင်ငံ၊ Lleida မှာ ကျင်းပတဲ့ Festival International de Cinema de Lleida Visual Art ရုပ်ရှင်ပွဲတော်နှစ်ခုမှာ Official Selection အဖြစ်လည်း ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။




Share

Loading Next Article...
က္က