အသေးစိတ်ဆေးစစ်မှု ခံယူရခြင်း မရှိသေးပဲ ကနဦး စစ်ဆေးချက်တွေအရ ခွဲစိတ်မှု ပြုလုပ်ရဖို့ များပြီး ပြုလုပ်ရ ပါက အနည်းဆုံး ၄လမှ ၆လအထိ အနားယူရဖွယ်ရှိနေတာပါ။
အက်သလက်တီကိုအသင်းကို ၁-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဘာစီလိုနာ ခံစစ်မှူး ဂျာရတ်ပီကေး ဒူး ဒဏ်ရာရရှိ သွားပြီး လူစားလဲခံခဲ့ရပါတယ်။
ပီကေးအနေနဲ့ဒူး လည်သွားတာ ဖြစ်ပြီး ဒဏ်ရာ အတိမ်အနက်ကိုသိရှိဖို့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေ တယ်လို့ ဘာစီလိုနာအသင်းက အတည်ပြု ထုတ်ပြန်ပေးပါတယ်။
စပိန်ဖက်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီကေးရဲ့ ဒဏ်ရာဟာ အနည်းဆုံး ၆လခန့် အနားယူရဖွယ်ရှိတယ် လို့လည်းသိရပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမလုပ်ခင် ကွင်းပြင်ပ အထွက်ဂိတ်နားမှာ ဘာစီလိုနာအသင်း တာဝန်ရှိသူ တစ်ဦး ပြောသွားတာကတော့ သိပ်အဆိုးကြီး ဖြစ်ပုံတော့ မရဘူးလို့ စပိန်သတင်းဌာန sportက ဖော်ပြပါသေးတယ်။
ဒါပေမယ့်လည်း အသင်းဆရာဝန်ကတော့ ကစားသမားအနေနဲ့ ခွဲစိတ်ကုသမှု ခံယူရပြီး အနည်းဆုံး ၄လမှ ၆လအ ထိ အနားယူရမယ့် အရေးနဲ့ ကြုံမှာကို စိုးရိမ်ပြီး မျက်ရည်ကျခဲ့တယ်လို့လည်း ဆိုတယ်လို့ သိရပါသေးတယ်။
လက်ရှိမှာလည်း အသေးစိတ် စစ်ဆေးချက်တွေ မလုပ်ဆောင်ရသေးပေမယ့် ကနဦး ခန့်မှန်းချက်များအရ ဒဏ်ရာ အခြေအနေမှာ ဆိုးရွားနိုင်တယ်လို့ ဆိုနေကြပါတယ်။
ဘာစီလိုနာအသင်းကတော့ လက်ရှိမှာ အက်သလက်တီကိုကို ရှုံးနိမ့်လိုက်လို့ ထိပ်ဆုံးက ဆိုစီဒက်နဲ့ အက်သ လက်တို့ ရမှတ်၂၀ ချင်း တူညီသွားပြီး ဘာစီလိုနာကတော့ ၁၁မှတ်နဲ့ အဆင့် ၁၀ မှာ ရောက်နေပါတယ်။