ကူးစက်ခံရတဲ့ဝန်ကြီး ကျန်းမာရေးအခြေအနေကောင်းမွန်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားဝန်ကြီးဦးစိုင်းပန်းဆိုင် ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံမှာ သီးသန့်စောင့်ကြည့်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဝန်ကြီးဦးစိုင်းပန်းဆိုင်ရဲ့ မိသားစုဝင်တစ်ဦး ရောဂါကူးစက်ခံရတာကြောင့် ဝန်ကြီးကိုလည်း ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာ မနေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ ပိုးတွေ့တယ်ဆိုတာမှန်ပါတယ်။ ဝန်ကြီးက အခုကတော့ဆေးရုံမှာပါ။ ကျန်းမာရေးအခြေအနေကောင်းပါတယ် “ လို့ ချမ်းအေးသာစံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



ဝန်ကြီး ဦးစိုင်းပန်းဆိုင်ဟာ နိုဝင်ဘာလ (၂၀) ရက်ကပြုလုပ်တဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)အဆောက်အအုံသစ်ဖွင့်ပွဲကို မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့နဲ့အတူ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဝန်ကြီး ဦးစိုင်းပန်းဆိုင်နဲ့အတူတူ ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်အပါအဝင် တိုင်းအစိုးရအဖွဲ့တစ်ခုလုံးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

“ မနေ့ကပဲ တိုင်းအစိုးရဝန်ကြီးတွေအကုန်စစ်ပြီးသွားပါပြီ။ All Negative ပါ” လို့လည်း ချမ်းအေးသာစံမြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူကပြောပါတယ်။ ဝန်ကြီးဦးစိုင်းပန်းဆိုင်က ချမ်းအေးသာစံမြို့နယ်ထဲမှာမိသားစုနဲ့အတူနေထိုင်တာဖြစ်ပြီး လက်ရှိမှာ ဝန်ကြီးရဲ့မိသားစုဝင် ၄ ဦးကို နေအိမ်မှာပဲ Home Quarantine ထားရှိပြီး ရာဂါပိုးကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးထားတယ်လို့သိရပါတယ်။

ဝန်ကြီးနေထိုင်တဲ့ ချမ်းအေးသာစံမြို့နယ်ဟာ မန္တလေးခရိုင်မှာ ရောဂါပိုးတွေ့ရှိမှုအများဆုံးမြို့နယ်ဖြစ်ပြီး နိုဝင်ဘာ (၂၁) ရက်အထိ အတည်ပြုလူနာ ၈၄၄ ဦးတွေ့ရှိထားတယ်လို့လည်း သိရပါတယ်။ အဆိုပါ မြို့နယ်အတွင်း Semi Lockdown ချထားတဲ့ရပ်ကွက်တွေရှိတဲ့အပြင် Stay Home သတ်မှတ်ခံထားရတဲ့မြို့ နယ်လည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က