ဂီတနဲ့ ပတ်သက်ပြီး အခုလိုသုံးသပ်ခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ဦးတည်းသော သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်ရဲ့ ဂီတနဲ့ ပတ်သက်တဲ့ ဝါသနာကို သုံးသပ်ပြောပြလာပါတယ်။ 

Photo:Htun Eaindra Bo

ထွန်းအိန္ဒြာဗိုလ်ကတော့ နိုင်ငံကျော်အဆိုတော် တစ်ယောက်ရဲ့ ရင်သွေးကလည်း ပြီးပြည့်စုံတဲ့ အဆိုတော် တစ်ယောက် မဖြစ်လာနိုင်ဘူးဆိုတာကို ပြောပြလာပါတယ်။ သူမရဲ့ သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်ဟာ ဂီတကို ဝါသနာပါပေမယ့် အဆိုတော် တစ်ယောက်ဖြစ်လာဖို့ လိုအပ်မှုတွေ ရှိနေသေးတယ်ဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။ 

“ သားက အနုပညာနဲ့ ပတ်သက်ရင် သူက သီချင်းတွေတော့ တော်တော်ကြိုက်တယ်။ သူကိုယ်တိုင် ဆိုတာကတော့ သိပ်မကောင်းလောက်ဘူး ကျွန်မ ကြည့်တာလေ။ ဆိုလိုတာက Key ကောင်းကောင်းနိုင်တယ်၊ တိုင်ပင် ကောင်းကောင်းနိုင်တယ်၊ Melody ကောင်းကောင်းရတယ်၊ Note တွေလည်း ကောင်းကောင်းရတယ် ဒါပေမယ့် သူဆိုနိုင်တဲ့ အသံရဲ့ ဘောင်ကကျတော့ အနိမ့်အမြင့် သီဆိုနိုင်ဖို့ ဘောင်းကျဉ်းတယ်။ သူက အနိမ့်သံလောက်ပဲရတာ အမြင့်သံတွေ သူ မဆိုနိုင်ဘူး။ အဆိုတော်ဖြစ်ဖို့တော့ သူ့မှာ အရည်အချင်း သိပ်အရည်အချင်းမပြည့်ပါဘူး" လို့ ဆိုပါတယ်။ 

 

Photo:Htun Eaindra Bo

လက်ရှိမှာတော့ အောင်ဗိုလ်ကောင်းသန့်ဟာ အသက်(၁၄) နှစ်ကျော်သာ ရှိသေးတယ်လို့ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။ ဂီတဘက်မှာတော့ သားဖြစ်သူရဲ့ လှုပ်ရှားမှုတွေ မတွေ့ရပေမယ့် အားကစားဘက်မှာတော့ ဂေါ့ဖ် အားကစားကို စိတ်ဝင်တစား ကစားဖြစ်နေတယ်လို့ သိရပါတယ်။ 

“ သားသားရဲ့ အသက်က အခုဆိုရင် အသက်(၁၄) နှစ်နဲ့ (၁၀) လရှိပြီ။ သူ့ကျောင်းမှာတော့ အင်္ဂလိပ်နာမည်လေး ပေးရတယ်ဆိုတော့ “ Cyrus” လို့ပေးထားတယ်။ မြန်မာနာမည်ကတော့ အောင်ဗိုလ်ကောင်းသန့် ပေါ့နော်။ အခုတော့ ၉တန်းရောက်ပြီ။ Online ကနေ ပညာသင်ကြားနေပါတယ်။ သားလေးကို ငယ်ငယ်ကတည်းက ကိုအောင်မင်းထွန်းက လူတစ်ယောက်အနေနဲ့ အားကစားတစ်ခုကို ရွေးချယ်နိုင်ဖို့အတွက် ဂေါ့ဖ် အားကစားကိုရွေးချယ်ပေးခဲ့တယ်။ ဂေါ့ဖ်က အရွယ်မရွေးကစားလို့ရတယ်လေ။ သားကလည်း နေ့တိုင်း ဂေ့ါဖ်ရိုက်ဖြစ်တယ်” ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Liveလွှင့်ရင်း ပြောခဲ့တာပါ။ 

Photo:Htun Eaindra Bo

ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က " နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က