mask မတပ်တဲ့သူတွေကိုတော့ ပညာပေးလုပ်ငန်တွေမှာ လုပ်အားပေးတွေအနေနဲ့ ပါဝင်စေမှာပါ။

ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ရန်အတွက် ဈေးတွေမှာ ဈေးဝယ်တွေအနေနဲ့ ကိုယ်တိုင် Mask တပ်ဆင်ရုံသာမက Maskနဲ့ Face Shield တပ်ဆင်ထားတဲ့ ဈေးသည်တွေထံကသာ ဦးစားပေးဝယ်ယူကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောကြားခဲ့ပါတယ်။



တိုင်းဒေသကြီးပြည်နယ်အလိုက် ပါးစပ်နှင့်နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ဆောင်ရွက်မှု အခြေအနေကိုသုံးသပ်တဲ့ဆွေးနွေးပွဲမှာပြောကြားခဲ့တာဖြစ်ပြီး ဈေးဝယ်၊ဈေးသည်တွေ Mask တပ်ဆင်ထားခြင်းက နှစ်ဦးနှစ်ဖက်ရောဂါကူးစက် ပျံ့နှံ့မှုကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့တာပါ။



အဓိကကူးစက်မှုပျံ့နှံ့တဲ့နေရာတွေထဲမှာ ဈေးတွေလည်းအပါအဝင်ဖြစ်တာကြောင့် ဈေးဝယ်၊ဈေးသည်တွေကို အခုလို စည်းကမ်းတင်းကြပ်ခြင်းလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်တွင်းကူးစက်မှုတွေ မြှင့်တက်လျှက်ရှိနေဆဲအချိန်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့လိုအပ်နေပြီး အဓိက အပြင်ထွက်သွားလာကြတဲ့အခါမှာ မဖြစ်မနေ Mask တပ်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်လျှက်ရှိပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထုတွေစည်းကမ်းလိုက်နာမှုရှိအောင် ပညာပေး လူထုလှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်လျှက်ရှိရာမှာ လိုက်နာမှုမရှိတဲ့သူတွေကို အပြစ်ပေးတဲ့အနေနဲ့ခေါ်ယူပြီးတော့ အသံချဲ့စက်ဖြင့်ကျန်းမာရေး အသိပညာပေးတဲ့လုပ်ငန်းတွေမှာ လုပ်အားပေးတွေအဖြစ်ပါဝင်သွားစေမှာလည်းဖြစ်ပါတယ်။ ပြည်သူတွေ Mask မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကိုတော့ အခိန်ကာလအတိုင်းအတာတစ်ခုထိလုပ်ဆောင်သွားမှာဖြစ်ပြီး အနည်းဆုံး (၂)လမှ (၃)လထိ ဆက်တိုက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က