ဘတ်ဂျက်အစီအစဉ်ကို တစ်လစာ၊ တစ်ပတ်စာ ဆိုပြီးရေးဆွဲနိုင်သလို အသေးစိတ်လုပ်ချင်သူတွေအဖို့တော့ တစ်ရက်စာ အသုံးစရိတ်အထိ ခွဲခြားသတ်မှတ်ထားနိုင်ပါသေးတယ်။

ဝင်ငွေနဲ့ ထွက်ငွေ မျှတဖို့အတွက် အဓိကလိုအပ်တာက ကိုယ်သုံးလိုက်သမျှ အသုံးစရိတ်တွေကို အတိအကျ သတ်မှတ်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒီလို အသုံးစရိတ်တွေ တိတိကျကျ သတ်မှတ်ဖို့ဆိုတာကလည်း ကြိုတင်ဘတ်ဂျက်အစီအစဉ်ရေးဆွဲထားဖို့လည်း လိုအပ်ပါတယ်။

ဘက်ဂျက် အစီအစဉ်ရေးဆွဲဖို့ ပထမဆုံး လိုအပ်တာက ကိုယ် ရရှိမယ့် ဝင်ငွေအပေါ်မူတည်ပြီး ကိုယ် သုံးရမယ့် ထွက်ငွေတွေကို အသေးစိတ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဘတ်ဂျက်အစီအစဉ်ကို တစ်လစာ၊ တစ်ပတ်စာ ဆိုပြီးရေးဆွဲနိုင်သလို အသေးစိတ်လုပ်ချင်သူတွေအဖို့တော့ တစ်ရက်စာ အသုံးစရိတ်အထိ ခွဲခြားသတ်မှတ်ထားနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ ဝင်ငွေ၊ ငွေသုံးစွဲပုံပေါ် မူတည်ပြီး ဘယ်လို အစီအစဉ်ဆွဲမလဲဆိုတာကိုတော့ သေချာ ဆုံးဖြတ်ရမှာပေါ့။ 

တစ်လစာလား၊ တစ်ပတ်စာလား၊ တစ်ရက်စာလား သတ်မှတ်ပြီးရင်တော့ အုပ်စုခွဲတဲ့ အဆင့်ကို ရောက်ပါပြီ။

အိမ်လခ၊ မီတာခွန်၊ရေခွန်၊ လစဉ်သင်တန်းကြေး၊ အစားအသောက်စရိတ်လို ပုံမှန် သုံးစွဲရတဲ့ စရိတ်ရယ် ၊ 

ကျန်းမာရေးအတွက် သီးသန့်ဆောင်ထားတဲ့ စရိတ်ရယ်၊ အချိန်အခါမသိရဘဲ ပေါ်လာတတ်တဲ့ ကိစ္စတွေအတွက် သုံးရမယ့် အရေးပေါ်စရိတ်ရယ်ဆိုပြီး စရိတ် (၃)မျိုးခွဲထားဖို့လိုပါတယ်။

အသေးစိတ် ဘယ်လိုတွက်ချက်ကြမလဲ? လွယ်ပါတယ်။ စာအုပ်ရယ်၊ဘောပင်ရယ်၊ ဂဏန်းပေါင်းစက်ရယ် ယူပြီး ကိုယ်ရဲ့ စုစုပေါင်းဝင်ငွေကို ချမှတ်ပါ။ ခုနကပြောခဲ့တဲ့ စရိတ် (၃)ခုထဲက -

၁) ပုံမှန်သုံးစွဲစရိတ်အတွက် (၅၀%)

၂) ကျန်းမာရေးစရိတ်အတွက် (၁၀%)

၃) အရေးပေါ်ကိစ္စတွေအတွက် (၂၀%)

၄) စုငွေအတွက် (၂၀%)

အပေါ်ကလို စရိတ် အုပ်စု လေးခုခွဲကြည့်ပါ။ ဒါကတော့ တစ်လစာ ဘတ်ဂျက် အစီအစဉ်အတွက် အသုံးစရိတ်သတ်မှတ်တာကို ဥပမာအနေနဲ့ ပြောပြခဲ့တာပါ။

အခုလိုမျိုး ကိုယ့်ရဲ့ ဝင်ငွေပေါ်မူတည်ပြီး လစဉ်၊ အပတ်စဉ် ဘတ်ဂျက် အစီအစဉ်ချမှတ်လိုက်တဲ့အခါ ကိုယ်သုံးလိုက်တဲ့ အသုံးစရိတ်တွေကို အတိအကျ ခြေရာခံနိုင်သွားမှာဖြစ်ပါတယ်။ အသုံးစရိတ်တွေကို ခြေရာခံနိုင်ပြီဆိုရင်တော့ ဝင်ငွေ၊ထွက်ငွေ မျှတမှုရှိဖို့ ရာနှုန်းပြည့် သေချာသွားပါပြီ။ 

ဝင်ငွေ၊ထွက်ငွေကတော့ မျှတပါပြီ။ ဒါပေမယ့် ကိုယ့်ရဲ့ ငွေသုံးစွဲတဲ့ အမူအကျင့်တွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါသေးတယ်။ ငွေသုံးစွဲတဲ့အခါ လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြား ဆန်းစစ်ပြီးမှ သေချာ ဆုံးဖြတ်ချက်ချမယ်ဆိုရင် အပိုထွက်ငွေတွေကို ထိန်းသိမ်းနိုင်သွားမှာ ဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်အားလုံးလည်း ဒီ ဆောင်းပါးကို ဖတ်ရှုပြီး ကိုယ့်ရဲ့ အသုံးစရိတ်တွေကို စနစ်တကျ ခြေရာခံပြီး ဝင်ငွေ၊ထွက်ငွေကို ထိန်းချုပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။


ယခု ဆောင်းပါးကို Save for Future Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။

Share

Loading Next Article...
က္က